သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကြည့်မြင်တိုင်သပိတ်စစ်ကြောင်း စစ်ကားဖြင့်ဝင်တိုက်မှုအပေါ် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် AA စစ်ဦးစီးချုပ်တို့ရှုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.3k

ချစ်အိလှိုင်

နိရဥ္စရာ၊ ဒီဇင်ဘာ ၆/ ၂ဝ၂၁

ကြည့်မြင်တိုင်ဆန္ဒပြသပိတ်စစ်ကြောင်းအား စစ်ကားဖြင့် နောက်က ဝင်ရောက် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရန်ကုန် အခြေစိုက် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ramanathan Balakrishnan နှင့် ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က ရှုတ်ချလိုက်သည်။

ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၏ ဒီဇင်ဘာ ၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ချက်ထဲတွင် ရန်ကုန်၊ ကြည့်မြင်တိုင် မြို့နယ်တွင် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကနဦးသတင်းများအရ အဆိုပါဖြစ်စဉ်တွင် လူအများအပြားသေဆုံးပြီး အခြားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါကြောင်း၊ ၎င်းတိုက်ခိုက်မှုကို အပြင်းထန်ဆုံး ရှုတ်ချပြီး သေဆုံးဒဏ်ရာ ရသူအားလုံးရဲ့ မိသားစုတွေကို အလေးအနက် ဝမ်းနည်းကြောင်း ပြောကြားလိုပါကြောင်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း  ၄င်း၏ လူမှုကွန်ယက်တွယ်တာ( Twitter) အကောင့်တွင် စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေရဲ့လုပ်ရပ် လူ့အသက်ကို လုံးဝ ပဓါနမထားပဲ တမင်တကာ လုပ်ဆောင်သည့် မတရားမှုဖြစ်တယ်။ လုံးဝမတရားတဲ့လုပ်ရပ်ပဲ ဟု  အင်္ဂလိပ်ဘာဖြင့် ( Deliberate perpetration of despicable barbarity with total disregard of human life. Utterly unjustifiable)” ဟု ရေးသားထားသည်

ယမနနေ့ ဒီဇင်ဘာ ၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သည့် အဆိုပါဆန္ဒပြသပိတ်ကို စစ်တပ်ကားဖြင့် နောက်က ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူငယ်အချို့ သေဆုံးခဲ့ပြီး အနည်းဆုံး ၁၁ ဦးဖမ်းဆီး ခံခဲ့ရကြောင်း၊ ဖမ်းဆီးခံရသူများအထဲတွင်  ဆန္ဒပြပွဲ သတင်းယူနေသည့် Myanmar Pressphoto Agency သတင်းထောက် နှစ်ဦးလည်း ပြင်းထန်သည့် ဒဏ်ရာများဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း လူမှု ကွန်ယက်စာမျက်နားများတွင် ရုပ်သံဖိုင်များနှင့်အတူ ဖော်ပြကြသည်။

၎င်းဖြစ်စဉ်သည် ယမန်နေ့ နံနက် ၈ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီး လမ်းမပေါ်တွင်  ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်၍နှင့် ပတ်သက်၍ ၎င်းလုပ်ရပ်အပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန်သံရုံးကလည်း ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ