အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ငြိမ်းချမ်းရေးအတွက် စစ်တွေတွင်ရဟန်းတော်တစ်ပါး လမ်းလျှောက်ဆန္ဒဖော်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.8k

သျှင်မင်းဇံ
နိရဥ္စရာ၊ အောက်တိုဘာ ၁ဝ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ငြိမ်းချမ်းရေးအတွက် ရဟန်းတော်တစ်ပါး တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည်။

၎င်းဆရာတော်သည် စစ်တွေမြို့၊ မင်းဂံအကွက် (၁၃) ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးစက္ကိန္ဒ ဖြစ်သည်။

ဆရာတော် ဦးစက္ကိန္ဒက "လက်ရှိ ရခိုင်မြောက်ပိုင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကို ရပ်ဆိုင်းစေချင်တယ်။ တပ်မတော်ဘက်က တစ်လ ရပ်ဆိုင်းတာကို သုံးလောက်ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးစေချင်တယ်။ ဒါကို တောင်းဆိုလိုတဲ့အတွက် ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

၎င်းပြင် ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် အခုရှိနေသည့် အင်တာနက် 2G အဆင့်ကို အခြားတိုင်းနှင်ပြည်နယ်များနှင့် တန်းတူ 4G အင်တာနက် ရရှိရန် တောင်းဆိုပါကြောင်း၊ စစ်တွေမြို့မှာ ထုတ်ပေးနေသည့် အပြင်ထွက်ခွင့် ကဒ်ကိစ္စကို ပြန်လည်ပယ်ဖျက်ပေးစေလိုကြောင်း ပြောကြားသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဦးဝေဟင်အောင်တို့ကို လွပ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းဆိုပါသည်ဟု  ဆရာတော်မှ မိန့်ကြားသည်။

ယနေ့ နေ့လယ် ၁ နာရီခန့်က စစ်တွေ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးမှ ဦးဥတ္တမပန်းခြံအထိ အချက်လေးချက်ကိုတောင်းဆိုကာ  ငြိမ်းချမ်းရေး သဘောဆောင်သည့် အလံတစ်ခုကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သည်။

ရဲတပ်ဖွဲ့မှ တစ်စုံတစ်ရာဟန့်တား မေးမြန်းခြင်း မရှိကြောင်း သိရသည်။

ဆရာတော်သည် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလက စစ်တွေမြို့ကနေ ရှေ့ဟောင်းယဉ်ကျေးမြို့ မြောက်ဦးမြို့အထိ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့သည်။

ဆက်စပ် သတင်းများ