- Web Master
- ၂၉ ဇူလိုင် ၂၀၂၄
မြောက်ဦးအခြေစိုက် “ခမရ (၅၄၀)” တပ်ရင်းမှ တပ်ဖွဲ့ဝင် (၁၀) ဦးခန့်သည် ဒီဇင်ဘာ ၂၉ ရက် ညနေ (၆) နာရီ (၃၀) မိနစ်အချိန်ခန့်က ဝသဲရပ်ကွက်ရှိ သီလရှင်ကျောင်းကို မီးရှို့ခဲ့ကြသည်ဟု ညီနောင်သုံးဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်း စစ်ကောင်စီ တပ်ဖွဲ့ဝင် (၁၀) ဦးခန့်သည် သီလရှင်ကျောင်းကို လက်နက်အပြည့်အစုံဖြင့် ဝရုန်းသုန်းကား ဝင်ရောက်လာပြီး တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဓါတ်ဆီလောင်းမီးရှို့ခဲ့ကာ ထွက်ပြေးသွားခဲ့ကြသဖြင့် သီလရှင်ကျောင်းမှာ မီးဟုန်းဟုန်းလောင်သွားခဲ့ကြောင်း၊ ၎င်းနောက် အရပ်သားပြည်သူတို့မှ မီးငြိမ်းသတ်နေစဉ်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မီးငြိမ်းနေသူများအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းပြင် ဒီဇင်ဘာလ (၂၉) ရက် နေ့လယ် ၂ နာရီအချိန်ခန့်တွင် မြောက်ဦးမြို့ အခြေစိုက် စစ်ကောင်စီ၏ ကိုးသောင်းဘုရားအနီး၌ တပ်စွဲနေရာယူထားသည့် “အမှတ် (၃၁) ရဲစခန်း” မှ လမ်းသွားလမ်းလာ ဒေသခံများအား လက်နက်ငယ်များဖြင့် ခြောက်လှန့်ကာ ရမ်းကားပစ်ခတ်ခဲ့သဖြင့် အသက် (၇၀) အရွယ် ဒေသခံ ၁ ဦးမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့သည်။
အလားတူပင် မြောက်ဦးအခြေစိုက်
“ခမရ (၅၄၀)
တပ်ရင်းမှလည်း ဒီဇင်ဘာ
၂၉ ရက်
နံနက်ပိုင်းမှစ၍ လမ်းသွားလမ်းလာဒေသခံများ အား စက်သေနတ်အတွဲလိုက်ဖြင့် ခြောက်လှန့်ရမ်းကားပစ်ခတ်ခဲ့သည်။
ကျောက်တော်မြို့တွင်လည်း မြို့နှင့် မြို့အနီးအနားရှိ ဝက်မကျ၊
သားပုံ၊ လောင်းရှည်နှင့်
ကွမ်းစည်းစသည့်ကျေးရွာများအား စစ်ကောင်စီ ၏ Y12 ထောက်ပို့လေယာဉ် (၁) စီးသည် ဒီဇင်ဘာလ
(၂၉) ရက်
နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်နှင့် ညနေ ၄
နာရီအချိန်ခန့်တွင်
ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများမှာ ဘေးလွတ်
ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဖော်ပြသည်။
ထို့အပြင်
တစ်ချိန်တည်းပင် စစ်ကောင်စီလက်အောက်ခံ တင်းမ တောင်ရှည်တောင်စခန်းမှ
လည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းကားပစ်ခတ်ခဲ့၍
သာစည်ကျေးရွာအနီးတွင် လက်နက်ကြီးကျည် (၂) လုံး နှင့်
မျောက်တောင်ကျေးရွာအနီး၌လည်း လက်နက်ကြီးကျည် (၃) လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သက်ကယ်ချောင်းကျေးရွာအတွင်းရှိ ပြည်သူပိုင် နွား
(၁) ကောင်လည်း
လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့ရသည်။
ဒီဇင်ဘာလ (၂၉)
ရက်နေ့၊ နေ့လယ် ၂
နာရီဝန်းကျင်အချိန်၌ စစ်တွေမြို့၌ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ၎င်း၏
လက်ကိုင်တုတ်အဖွဲ့ဝင်များ ပူးပေါင်း၍ မင်းဂံရပ်ကွက်နေ အပြစ်မဲ့အရပ်သား
ပြည်သူ ၂ ဦးအား ရဲကား ၂ စီး၊ ပွိုင့်ကား ၁ စီးအပြင် အိမ်စီးကား
၁
စီးတို့ဖြင့် လာရောက်ကာ လက်နက်အင်အား အပြည့်အစုံဖြင့် အင်အားသုံးအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီလက်ကိုင်တုတ်များသည်
၎င်းတို့ အဓိက လှုပ်ရှားသည့် စစ်တွေမြို့ကြီးတွင် စစ်ကောင်စီ၏
ကျောထောက် နောက်ခံပြုမှုဖြင့် နှစ်ရှည်လများ အခြေချကာ ပြည်သူလူထုအား
ဒုက္ခပေး၊ ခိုးယူ၊ လုယက်၊ သတ်ဖြတ်နေ သူများ ဖြစ်ကြပြီး
ရက္ခိုင်လူမျိုးအချင်းချင်းကြားနှင့် ဒေသခံလူမျိုးများကြား
စိတ်ဝမ်းကွဲပြားစေရန် လုပ်ဆောင်နေကြသူ များလည်း ဖြစ်ကြသည်ဟု ဆိုသည်။
စစ်ကောင်စီသည်
အရပ်သားပြည်သူများကိုသာ ဦးတည်ထားသော ဖိနှိပ်မှုများကို ဆက်တိုက်ပြုလုပ်လာနေပြီး
ယနေ့တွင်လည်း တောင်ကုတ်မြို့တွင် လာရောက်ဆေးကုသနေသည့်
မာန်အောင်မြို့နယ်မှ ဒေသခံလူနာများ အပါအဝင် လူနာစောင့်ပေါင်း
(၁၀၀) ကျော်ခန့်အား ကုန်းလမ်း၊ ရေလမ်းကန့်သတ်ပိတ်ဆို့ထား၍
နေရပ်ပြန်ခွင့်မရ ဖြစ်နေလျက်ရှိသည်ဟု ဖော်ပြထားသည်။
ယင်းအပြင် စစ်ကောင်စီသည် လက်ရည်တူမယှဉ်ပြိုင်နိုင်သမျှကာလပတ်လုံးတွင် အရပ်သားပြည်သူများအား
အင်အားသုံး အနိုင်ကျင့်ဖိနှိပ်မှုများကို ဆက်တိုက်လုပ်ဆောင်လာနေရာတွင်
စစ်တွေမြို့၊ ကုလားတန်မြစ် BXT ဆိပ်ကမ်းတစ်လျှောက်
ကို အမှီသဟဲပြု၍ စားဝတ်နေရေးကို ရင်ဆိုင်ဖြေရှင်းနေရသည့်
မြို့မစျေးကြီးဖောင်တော်ဆိပ်ကမ်းမှ ဒေသခံပြည်သူများ အား စစ်ကောင်စီမှ
အင်အားသုံးခြိမ်းခြောက်ကာ ဆိပ်ကမ်းကပ်ခွင့် တားမြစ်ပိတ်ပင်ခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက် နေ့လယ်
(၁၂) နာရီအချိန်ခန့်၌ ပုဏ္ဏားကျွန်းမြို့အခြေစိုက် စစ်ကောင်စီ၏
“၅၅၀ တပ်ရင်း” မှ
မြို့ပေါ်ရပ်ကွက်များအား တမင်ရည်ရွယ်၍ လက်နက်ကြီး (၈) လုံးထက်မနည်း
ရမ်းကားပစ်ခတ်ခဲ့သဖြင့် ရွာဟောင်း ရပ်ကွက်၊ ဂူဝမှ ဒေသခံအမျိုးသား
(၂) ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး
လူနေအိမ် (၁) လုံးမှာလည်း
ပြိုကျပျက်စီးခဲ့ရ သည်ဟု ဆိုသည်။
တစ်နေ့တည်းတွင်ပင် ည
(၈:၃၀) အချိန်ခန့်ကလည်း
ဘူးသီးတောင်မြို့နယ်၊ သုံးဆယ့်တစ်ဘုံ စေတီတောင်ကုန်းပေါ်ရှိ စစ်ကောင်စီ၏
တပ်မ (၂၂) လက်အောက်ခံ “ခမရ
(၂၀၉) တပ်ရင်း” မှ အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများသို့
လက်နက်ကြီးများဖြင့် အကြိမ် (၂၀)
ကျော် ရည်ရွယ်ချက်ရှိရှိ ရမ်းကားပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ လက်နက်ကြီး
ကျည် (၁) လုံး သည် စေတီတောင် (မွတ်ဆလင်) ကျေးရွာအတွင်းရှိ နေအိမ် (၁) လုံးသို့
ကျရောက်ပေါက်ကွဲခဲ့သဖြင့် ၎င်းနေအိမ်မှာ မီးဟုန်းဟုန်းတောက်လောင်ခဲ့ရသည့်အပြင်
မိသားစုဝင် (၅) ဦး တစ်ချိန်တည်းတွင် သေဆုံးခဲ့ရပြီး ဒေသခံ (၄) ဦးမှာ
ဒဏ်ရာအပြင်းအထန်
ရရှိခဲ့သည်။
ရက္ခိုင့်တပ်တော် (AA)
သည်လည်း ယမန်နေ့များက
ရန်သူ့အခြေစိုက် ပလက်ဝမြို့ရှိ “ခဝဲကုန်းဗျူဟာကုန်း”၊
အိန္ဒိယ-မြန်မာနယ်စပ်ရှိ “ပွိုင့်
(၃၇၇) စစ်ဆင်ရေးအခြေကုပ်စခန်း”
နှစ်ခုအား
ထပ်မံသိမ်းပိုက်ရရှိခဲ့ကာ ဆက်လက်၍လည်း သတ်မှတ်ထားသည့်
စစ်ဆင်ရေးပစ်မှတ်များအတွက် ကြိုးပမ်းလျက်ရှိသည်ဟု ဖော်ပြထားသည်။
(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည့် “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၄) ရက်မြောက်နေ့ တိုက်ပွဲသတင်းများမှ ရခိုင်နှင့် ပတ်သက်သည့် သတင်းများကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။ )