ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဒေါက်တာအေးမောင်နှင့်ဝေဟင်အောင်တို့၏ ပြင်ဆင်မှုလျှောက်လဲချက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ပယ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 1.6k

ခိုင်လင်း
နိရဥ္စရာ၊ ဇူလိုင် ၂၇/ ၂ဝ၁၉

အမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ပြင်ဆင်မှုလျှောက်လဲချက်အား နေပြည်တော်ရှိ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးမှ ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

 “ ပယ်လိုက်တယ်။ ပယ်လိုက်ပါတယ်။ ဒေါက်တာအေးမောင်ရော ဝေဟင်အောင်အတွက် ပြင်ဆင်မှုတင်သွင်တာ လုံးဝလက်မခံဘဲ ပယ်ချတဲ့အမိန့်ကို ချမှတ်လိုက်တယ်။ ဥပဒေကို ယုံကြည်ရင်တော့ အထူးအယူခံတက်ရောက်ခွင့် တစ်ခုရှိသေးတယ်။ Facebookမှာ  ပြောနေတဲ့ သမ္မတ အယူခံဆိုတာမရှိဘူး ” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

 ထိုသို့ပယ်ချလိုက်မှုမှာ မည်သည့် အကြောင်းကြောင့်ပယ်ချလိုက်သည်ဆိုခြင်းကို မသိရဟု ၎င်းအမှုအားဆောင်ရွက်နေသူ ကပြေသည်။

 “ လျှောက်ထားသူ ဒေါက်တာအေးမောင်ရှေ့နေ၏ လျှောက်လဲချက်ကို ကြားနာမည်။ ပြင်ဆင်မှုကိုပ လပ်သည်။ ဒီလောက်ပဲရေးတယ်။ အကြောင်းပြချက် ဘာမှမပေးတော့ဘူး။ ပြည်နယ် တရားလွှတ်တော်က လည်းအကြောင်းပြချက်မပေးသလို အခုဒီမှာ ပြည်ထောင်စု ကလည်း အကြောင်းပြချက်မပေးဘဲ ပယ်လိုက်တာပါ။ ဘာအကြောင်း ပြချက်နဲ့ပယ်လဲ ကျွန်တော်တို့လျှောက်ထားတဲ့ လျှောက်လဲချက်တွေအပေါ် ဘာမှ အကြောင်း ပြချက် မပေးတော့ဘူး။ သူတို့က အတိုနဲ့ ဖြတ်လိုက်တာပေါ့ ” ဟု တရား လွှတ်တော်ရှေ့နေ ဦးခင်နုက ပြောသည်။

 ယခုကဲ့သို့ တစ်ပါးက ပယ်ချလိုက်သော်လည်း တရားစီရင်ရေးအမြင့်ဆုံးအထိ ကြိုးစားပြီးသွား မည်ဟု သူကဆိုသည်။

 “ ဥပဒေအရတော့ နောက်ထပ်အခွင့် အရေးတစ်ခုဖြစ်တဲ့ အထူးအယူခံတက်ဖို့ အခွင့်အရေး တစ်ခုရှိသေးတယ်။ ဥပဒေကတော့ လမ်းဆုံးအောင် တရားစီရင်ရေးအမြင့် ဆုံးထိ အဖြေတောင်း မှာပါ။ တစ်ပါးက ပလပ်လိုက်ပေမယ့် ကျန်တဲ့ ၃ ပါးဆိုင်တွေတက်သွားမယ်။ လမ်းဆုံးတဲ့ အထိတော့ လိုက်ရတော့မှာပါ ကျွန်နော်တို့ဖက်က။ ပလပ်တယ် ဆိုတာကတော့  အခြေနေ အရပ်ရပ်ကြောင့် အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးက အပြန်အလှန်အမှီပြုနေတာပဲ။ အုပ်ချုပ်ရေးက လုပ်ထားတဲ့အခါ တရားစီရင်ရေးက လက်ရှောင်တဲ့သဘော ရှိမယ်ထင်တယ် ”ဟု ရှေ့နေဦးခင်နုကပြောသည်။

 ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က ထောင်ဒဏ် နှစ် ၂ဝ စီချမှတ်လိုက်ပြီး ဆက်လက်၍ ကြားနာမှုလျှောက်လဲချက်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက မေ ၂၉ ရက်နေ့က တင်သွင်းခဲ့ ရာ ယခုကဲ့သို့ ပယ်ချလိုက်ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ