သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မင်းသားတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင်ရွာသားလေးဦး ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.5k

နီမင်းထွန်း
နိရဥ္စရာ ၊ အောက်တိုဘာ ၂၅ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊မင်းသားတောင်ကျေးရွာမှ ဖမ်းဆီးခံထားရသည့် အုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား လေးဦးကို ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့က စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

ဖမ်းဆီးခံထားရသူမှာ မင်းသားတောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော် (၅၁)နှစ်၊ ဦးကျန်သိန်းအောင် (၅၈)နှစ် ၊ ဦးမောင်မဲ (၅၄)နှစ် နှင့် ဦးပြည်သိန်းမောင် (၄၇)နှစ်တို့ဖြစ်သည်။
 
ဖမ်းဆီးခံရသူ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော် ၏ဇနီးက “သူ့မှာဘာအပြစ်မှ မရှိပါဘူး။ရပ်ရွာကို အေးအေးဆေးဆေး အုပ်ချုပ်နေတာပါ။ အခု မိသားစု စားဝတ်နေရေးဒုက္ခရောက်နေပါတယ်။ ပိုက်ဆံမရှိလို့ သားကိုလည်း ဆယ်တန်း မသင်ရတော့ဘူး။ အမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုပါတယ်” ဟု နိရဥ္စရာ သတင်းဌာနကိုပြောသည်။

ဖမ်းဆီးခံရသူ ဦးပြည်သိန်းမောင်၏ ဇနီးကလည်း “အိမ်ရှင်က တောမှာဟင်းရှာသွားရင်း စစ်တပ်နဲ့တွေ့လို့ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ ကျမတို့က ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြတာ။ အခု ရှိတာတွေကို ရောင်းချ စားသောက်နေရပါတယ်။ဒုက္ခရောက်နေပါတယ်။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

မင်းသားတောင်ကျေးရွာမှ ဦးမောင်မဲ နှင့် ဦးပြည်သိန်းမောင်တို့အား မေလ ၂၂ ရက်နေ့ က ဖမ်းဆီးခဲ့ပြီး အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော် ၊ ဦးကျန်သိန်းအောင်တို့ကို မေလ ၂၉ ရက်နေ့တွင် မြန်မာတပ်မတော်က ဖမ်းဆီး ခေါ်ဆောင်သွားပြီး အကြမ်းဖက်ဥပဒေပုဒ်မ ၅ဝ(က) ၊ ၅ဝ (ည)တို့ ဖြင့်တရားစွဲထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုအား လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဦးသန်းခင်က “ဒီနေ့ရုံးချိန်းမှာ ရဲသက်သေတွေ ၊အရပ်သားသက်သေတွေ မရောက်တဲ့အတွက် နောက်ထပ်ရုံးချိန်းပေးလိုက်တယ်။ ဒီလောက်ပါပဲ”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁ နှစ် နီးပါးကြာမြင့်နေပြီဖြစ်ပြီး  AAနှင့်ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရသူ အရပ်သား ၁၃ဝ ခန့်ရှိကြောင်း သိရသည်။

------------------------------ 

Unicode:


နိရဉ်စရာ ၊ အောကျတိုဘာ ၂၅ / ၂ဝ၁၉


 





ဆက်စပ် သတင်းများ