စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အမျိုးသမီးတစ်ဦးအပါအဝင် ချင်းလက်ဝကျေးရွာသား ၁၃ ဦး စွဲချက်မတင်မီ လွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 2k

နီမင်းထွန်း

နိရဥ္စရာ၊ ဇန်နဝါရီ ၂၄/ ၂ဝ၂ဝ

၁၁ လကျော်ကြာ ဖမ်းဆီးတရားစွဲခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချင်းလက်ဝကျေးရွာမှ အမျိုးသမီး တစ်ဦးအပါအဝင် ကျေးရွာသား ၁၃ ဦးသည် ယနေ့ ဇန်ဝါရီလ ၂၄ ရက်နေ့တွင် စစ်တွေ မြို့နယ် တရားရုံးမှ စွဲချက်မတင်မီ လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

လွတ်မြောက်လာသူများမှာ ချင်းလက်ဝကျေးရွာမှ ရခိုင်လူမျိုးများဖြစ်ကြသည့်  ဒေါ်လှလှရီ (၅၃)နှစ်၊ ဦး မောင်သံတုတ် (၄၉)နှစ်၊ ဦး အောင်သန်း (၃၉)နှစ်၊ ဦး ကျော်ဝင်းလှိုင် (၄၇)နှစ်၊ ဦး မောင်စောလှိုင် (၄၁)နှစ်၊ ဦး သိန်းစိုး (၅၁)နှစ်၊ ဦး အောင်မျိုးသန်း (၂၆)နှစ်၊ ဦးအောင်လင်း (၄ဝ)နှစ်၊ ဦး မောင်စံသာ (၃၈)နှစ်၊ ဦး ဆန်းတိန် (၄ဝ)နှစ် ၊ ဦး စိုးရွှေမောင် (၄၁)နှစ် ၊ ဦး တက်တိုး (၄၉)နှစ်နှင့် ဦး မောင်ခိုင် (၅၂)နှစ် တို့ဖြစ်သည်။

အဆိုပါအမှုအားလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦး ဦးထွန်းလှက “ ဒီ ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာက ၁၃ ယောက်ကို ဒီနေ့တရားရှင် လွှတ်လိုက်ပါတာ။ တရားလို သက်သေတွေနဲ့ အလိုပြသက်သေတွေကို စစ်ဆေးပေါ်ပေါက်ချက် အရ ဒီ ၁၇ (၁)(၂) ဥပဒေပုဒ်မနဲ့ မငြိစွန်းတဲ့အတွက် လွတ်လိုက်ပါ” ဟု နိရဥ္စရာ သတင်းဌာနကို ပြောသည်။

၄င်းတို့ကို ၂ဝ၁၉ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျောက်တော်မြို့ မြို့မရပ်ကွက် ဦး သိန်းစိုး နှင့်ဒေါ် လှလှရီ တို့နေအိမ်တွင် စစ်ဘေးရှောင်နေစဉ်အတွင်း ရဲက ဖမ်းဆီးခေါ်ဆောင်သွားပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁) / (၂)နှင့်တရားစွဲခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းတွင် ရက္ခိုင်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် အရပ်သား ၅ဝဝ ကျော်ရှိကြောင်း သဇင် ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။

---------------------------

Unicode:










ဆက်စပ် သတင်းများ