သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြေပုံမြို့နယ်မှ အကြမ်းဖက်ပုဒ်များဖြင့် တစ်နှစ်ကျော်ကြာဖမ်းဆီးခံထားရသူ ၅ ဦး ပြန်လည်လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 2.2k

ချစ်အိလှိုင်

နိရဉ္စရာ၊ မတ် ၁ဝ/ ၂ဝ၂၁

 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ အကြမ်းဖက်မှုပုဒ်များဖြင့် ဖမ်းဆီးခံထားရသူအရပ်သား ၅ ဦးကို ယနေ့ ကျောက်ဖြူခရိုင်တရားရုံးမှ အပြစ်မရှိသဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

 

ပြန်လည်လွတ်မြောက်လာသူများမှာ မြေပုံမြို့နယ်၊ ယိုးချောင်း ရွာသာယာမှ ကိုတင်ရွှေသန်း၊ ဦးမောင်တင်မြင့်၊ ဦးတင်မြင့်၊ မောင်သန်းမြင့်နှင့် ဦးတင်မောင်ညွှန်တို့ဖြစ်သည်။

 

ကိုတင်ရွှေသန်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်းက ဒီနေ့အမိန့်ချမှာဆိုတော့ စောင့်နေတာပါ။ တစ်ခြား လူတွေမှာ မိသားစုတွေမရောက်နိုင်ကြဘူး။ ကျွန်မယောကျ်ားက ၂၉ နှစ်၊ ကျန်တဲ့ လူတွေက အသက် ငါးဆယ်ကျော် အရွယ်တွေပါ။ အခုလွှတ်ပေးလိုက်ပါတယ်။ သူတို့ ကို ကျွန်မတို့ လင်မယား အိမ်ကို ခေါ်သွားပါမယ်။ အဲဒီကတဆင့် အိမ်ပြန်ပို့ပေးမှာပါ။ ပျော်တာပေါ့ရှင်။ ပြောမပြတတ်အောင် ပျော်ပါတယ်ဟုပြောသည်။

 

၄င်းတို့ ၅ ဦးကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ ၅ဝ(က)၊ ၅ဝ (ည)တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ကျောက်ဖြူ အကျဉ်းထောင်တွင် ၁နှစ်ကျော်အထိ အမှု ရင်ဆိုင်ခဲ့ရသည်ဟု သူမကပြောသည်။

 

လွတ်မြောက်လာသူ ကိုတင်ရွှေသန်းက သူတို့မှာ မတရားသဖြင့် စွပ်စွဲ ဖမ်းဆီးခံရခြင်း ဖြစ်သဖြင့် နစ်နာခဲ့ရကြောင်း ပြောကြားသည်။

 

ကိုတင်ရွှေသန်းကို ၂ဝ၁၉ နိုဝင်ဘာ ၁၉ ခန့် ဟွန်ဒါစက်လှေနှင့် တပ်တောင်ကို ပစ္စည်းဝယ်ရန် သွားစဉ် ဖမ်းဆီးခံခဲ့ရပြီး ကျန် ၄ ဦးမှာ နောက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ