ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

အကြမ်းဖက်မှုဖြင့် တရားစွဲခံထားရသူ နောက်ထပ် ၆ ဦး ကျောက်ဖြူအကျဉ်းထောင်မှ လွတ်မြောက်၊ ယနေ့ ရခိုင်တွင်လွတ်မြောက်လာသူ ၁၆ ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.1k

ချစ်အိလှိုင်

နိရဥ္စရာ၊ စက်တင်ဘာ ၉/ ၂ဝ၂၁

အကြမ်းဖက်မှုဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ (၆) ဦး ယနေ့ ကျောက်ဖြူမြို့အကျဉ်းထောင်မှ  လွတ်မြောက် လာကြောင်း ယနေ့ စက်တင်ဘာ ၉ ရက်နေ့ တစ်နေ့တည်း ရခိုင်တွင် အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသူ ၁၆ ဦ လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ယနေ့ ကျောက်ဖြူထောင်က လွတ်လာသူ ၆ ဦးမှယ အမ်းမြို့နယ်မှ ကိုဇော်ဇော်ထွန်း(ခ)ဇော်စေ့ကေ ၊ ကိုမောင်မောင်ချေ၊ ဦးမောင်သန်းထွန်း မောင်ဝင်းခင်(ခ)မောင်ခင်ဝင်းနှင့်  ကျောက်ဖြူမြို့နယ်မှ  ကိုထွန်းမြင့်စိုးနှင့် ကိုအေးနိုင်တို့ ဖြစ်ကြသည်။

ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဒီကနေ့ စက်တင်ဘာလ ၉ ရက် ညနေ ၄ နာရီခန့်မှာ သူတို့ ၆ ဦးကို တရားသေလွတ်ပေးတာပါ။ ကျောက်ဖြူက နှစ်ယောက်ကို စွဲချက်မတင်မီ လွတ်တာဖြစ်ပြီး အမ်းက လေးယောက်ကိုတော့ အပြီးသတ်လွတ်ပေးတာပါဟု နိရဥ္စရာသတင်းဌာနသို့  အတည်ပြုပြောကြားသည်။

 ၄င်းတို့အထဲက ကျောက်ဖြူမြို့က ကိုထွန်းမြင့်စိုးနှင့်ကိုအေးနိုင် တို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်ပြီး ကျန် အမ်းမြို့နယ်က ဦးမှာ ပုဒ်မ ၅ဝ(ည) ဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အမ်းမြို့နယ်မှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးလှုပ်ရှားသူ ကိုမျိုးလွင်က လွတ်မြောက်လာသူများမှာ ကဏန်းပြင်အုပ်စု လောင်းချောင်းကျေးရွာသားများဖြစ်ကြောင်း၊ ယနေ့တွင် ပြန်လည် လွတ်မြောက်လာသဖြင့် နေရပ်ပြန်လာနေပြီဖြစ်ကြောင်း  ၄င်တို့ ဦးမှာ လွန်ခဲ့သည့် ၂ဝ၁၉ ခုနစ် နိုဝင်ဘာလအတွင်းက တပ်မတော်စစ်ကြောင်းမှ ဂဏန်းပြင် အုပ်စုသို့ဝင်ရောက်စစ်ဆေးစဉ် မသင်္ကာ၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အမ်းမြို့နယ်က လူမှုရေး လှုပ်ရှားသူ ကိုမျိုးလွင်က ပြောည်။

၄င်းအပြင် ယနေ့ နံနက်ပိုင်းက စစ်တွေအကျဉ်းထောင်အတွင်းမှ အကြမ်းဖက်ပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသ လူငယ် ၄ ဦး၊ ဘူးသီးတောင်ထောင်က ၆ ဦးလည်း လွတ်မြောက်လာခဲ့သည်ဟု သတင်းရရှိသည်။

စစ်တွေ အကျဉ်းထောင်က လွတ်လာသူများမှာ  မြေပုံမြို့နယ်ယိုးချောင်းကျေးရွာမှ ကိုဇော်ဝင်းနိုင်၊ ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာမှ ကိုနေလင်းထွန်း၊ ရသေ့တောင်မြို့နယ် အရှေ့မြောက် ရပ်ကွက်မှ ကိုမောင်မောင်ချေနှင့် ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာမှ ကိုမောင်သန်းဌေးတို့ ဖြစ်ကြသည်။

ဘူးသီးတောင်အကျဉ်းထောင်မှ  နေ့  ညနေပိုင်း ၄ နာရီခန့်က လွတ်လာသူ   (၆) ဦးမှာ ဦးကျော်မင်း၊ ဦးဘစော၊ ဦးဘထွန်း၊ ကိုညီညီအောင်၊ ကိုစောသန်း(ခ)သားကြီးနှင့် ဦးသာထွန်းတို့ဖြစ်ကြသည်။

၎င်းတို့ ၆ ဦးမှာ ဘူးသီးတောင်အကျဉ်းထောင်မှလွတ်မြောက်လာသူများမှာ ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်က ရွှေနဒီအမြန်ယာဉ်မှ ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးပြီးနောက် ပြန်လည် လွတ်မြောက်လာ သူများဖြစ်ကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီး တရားစွဲခံထားရသူ ၃၅ ဦးအားအမှုရုတ်သိမ်းပေးရန် ဆောင်ရွက်နေကြောင်း၊ အမှု(၅)မှုကို ယနေ့တွင် ရုတ်သိမ်းလိုက်သော်လည်း လွတ်မြောက်သည့် အရေအတွက်ကို မသိရှိသေးကြောင်း ပြောသည်။

လူဦးရေကို ပြန်မေးကြည့်အုန်းမယ်။ ၅ မှုကိုတော့သိတယ်။ လူဦးရေ ဘယ်လောက်ဆိုတာ မသိလိုက်ဘူးဟုပြောသည်။

 ရခိုင်ပြည်နယ်တွင်လက်ရှိအချိန်အထိ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မများဖြင့် တရားစွဲဆို ခံထားရသူ ၁ဝဝ ကျော်ရှိကြောင်းရခိုင့်လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ စာရင်းအရသိရသည်။

 

ဆက်စပ် သတင်းများ