- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
မောင်စာဂ၊
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/၂၀၂၄
ရခိုင်ဒေသတွင် ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်သည်ဟု
မိုးလေဝပညာရှင် Su Su San က
သူ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့်
"သံတွဲ၊ မာန်အောင်ကျွန်း၊ စနဲ၊ ရမ်းဗြဲကျွန်း၊
ကျောက်နီမော်၊ တောင်ကုတ်၊ အမ်း၊ မအီ၊
ငဖဲ၊ စေတုတ္တရာ၊ လောင်းရှည်၊ ဆော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်၊
ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ပေါက်တော၊ မြေပုံ၊
ကျောက်ဖြူ ဒေသတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်။ ဘေးအန္တရာယ်ကင်းကြပါစေ"ဟု
ရေးသားထုတ်ပြန်ထားသည်။
မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၇
နာရီအချိန်ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ
အားကောင်းနေပြီး ရခိုင်၊ ချင်းနှင့်
မကွေးတိုင်းတို့အပါအဝင်
တိုင်းနှင့်ပြည်နယ်အချို့တွင် ဒေသအလိုက် မိုးရွာသွန်းနိုင်သည်ဟု
ထုတ်ပြန်ထားသည်။
မြစ်ဝကျွန်းပေါ်၊
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှ
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်
၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှ
နောက်(၂)ရက်အတွင်း
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးပိုလာမည်ဟုလည်း ဆိုထားသည်။
ဓာတ်ပုံ
- Su Su San