သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အကြမ်းဖက်မှု၊ လက်နက်မှုဖြင့်တရားစွဲခံထားရသော လက္ကာကျေးရွာသား၂၂ ဦးကို ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.6k

နီမင်းထွန်း
နိရဥ္စရာ ၊ အောက်တိုဘာ ၂၂ /၂ဝ၁၉

အကြမ်းဖက်မှု ၊လက်နက်မှုဖြင့် ဖမ်းဆီး တရားစွဲခံထားရသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား (၂၂)ဦးကို ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

အိမ်ရှင် ဖမ်းဆီး တရားစွဲခံထားရသူ မသိန်းမရီက  "အိမ်ရှင်ကို အခုလိုဖမ်းဆီးထားတော့ ကျမတို့မှာ ဒုက္ခ အများကြီးရောက်နေပါတယ်။ သူတို့်မှာဘာအပြစ်မှမရှိပါဘူး။ အမြန်ဆုံးပြန်လွှပေးစေချင်တယ်။"ဟု နိရဥ္စရာသတင်းဌာကိုပြောသည်။

လက္ကာကျေးရွာသား ၂၂ ဦးကို ကျေးရွာအတွင်းမှ ဧပြီလ ၁ဝ ရက်နေ့တွင် မြန်မာတပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

၄င်းတို့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(က) ၊ ၅ဝ(စျ) ၊ ၅၂ (က) ၊ ၅၄ နှင့် လက်နက်အရေးပေါ်စီမံမှု ယာယီအက် ဥပဒေပုဒ်မ ၂ ၊ ၁(က)တို့ဖြင့် တရားစွဲထားပြီး လက္ကာကျေးရွာသား၂၂ ဦးထဲမှ တချို့မှာ အမှုနှစ်ခုကို တပြိုင်းတည်း ရင်ဆိုင်နေရကြောင်းသိရသည်။

အဆိုပါအမှုအားလိုက်ပါဆောင်ရွက်နေသူ တရားလွှတော်ရှေ့နေ အောင်စစ်မင်းက "တရားခံပြေးကိုစစ်ဖို့ ရဲကို သမန်စာချထားတာ ဒီနေ့လည်း လုံခြုံရေးကြောင့်ဆိုပြီးတော့ ရောက်မလာဘူး။ လက္ကာအမှုမှာတရားခံပြေး တစ်ရာကျော်ပါတယ်။ တရားခံပြေးအမှုကို စစ်ဆေးလို့မပြီးသေးတဲ့အတွက် ရာဇဝတ်ကြီးအမှုကို ခုထိ မစစ်ရသေးတာဖြစ်တယ် " ဟုနိရဥ္စရာ သတင်းဌာနကိုပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများကြား အပြစ်မဲ့အရပ်သားပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ၊ဖမ်းဆီးစစ်ဆေးခံရမှု ၊ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများရှိနေပြီး လက်ရှိအစိုးရ အနေဖြင့် မဆိုင်သူ အရပ်သားပြည်သူများကို အဘက်ဘက်မှ ကာကွယ်ပေးသင့်ကြောင်း အလင်းတံခါးပရဟိတအသင်းမှ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်မှပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာတပ် မတော်တို့် အကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁ နှစ် နီးပါးကြာမြင့်နေပြီဖြစ်သည်။

တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း AAနှင့်ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရသူ အရပ်သား ၁၃ဝ ခန့်ရှိကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထံမှသိရသည်။

ဆက်စပ် သတင်းများ