ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင် ဖမ်းဆီးထိန်းသိမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.8k

ကိုကိုတိုး
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၂/ ၂၀၂၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌဖြစ်သူ ဦးတင်သိန်းအောင်အား ယနေ့ ညနေ ၅ နာရီကျော်ခန့်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေါ်ချစ်ချစ်ချောက အတည်ပြု ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များက နေအိမ်ကနေ ခေါ်ယူသွားကြောင်း၊ မည်သည့်နေရာသို့ ခေါ်ယူသွားသည်ကို မသိရှိရသေးကြောင်း၊ မိသားစုများ စိုးရိမ်နေကြောင်း သူမက ဆက်လက်ပြောကြားသည်။

တောင်ကုတ်မြို့နယ်မှူးသို့ ယနေ့ ည ၇ နာရီ မိနစ် ၂၀ က ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။

ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း တောင်ကုတ်မြို့မှ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင် နှင့် NLD ဝန်းရံသူ ကိုသန့်ဇင်ဖြိုးတို့ ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ