ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တောင်ကုတ် မိုးပညာဒါနကျောင်းမှ ဦးအောင်ဝင်းနိုင်ကို အမှု ၂ခုဖြင့်ဖမ်းဆီးထားဟု ဇနီးဖြစ်သူဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 8.6k

အောင်ဇံ

နိရဉ္စရာ၊ ဇူလိုင် ၅/၂၀၂၁

 

 ၂၀၂၁ ခုနှစ် ွန်လ ၅ ရက်နေ့ကတည်းက ဖမ်းဆီးထားသော တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်းမှ   ဦးအောင်ဝင်းနိုင်ကို တောင်ကုတ်ရဲစခန်းတွင်  လိုင်င်မဲ့ယာဥ်စီးနင်းမှု အပါအဝင် အမှု ၂ခု ဖြင့်  အမှုဖွင့်ထားကြောင်း ဇနီးဖြစ်သူ မတွယ်တာစိုးက ပြောသည်။

 

'' အမှုဖွင့်ထားတာကဟုတ်တယ်။  ဖမ်းထားတာကို ရဲစခန်းက အကြောင်းမကြားဘူး ၊ ကိုယ်ဖာသာ စုံစမ်းရတာ။ရဲစခန်းရောက်နေတာ တစ်လ ပြည့်တော့မယ်။ အမှုက ကား blackမှုနဲ့ အခြားအမှု တစ်ခုလည်းပါသေးတယ်ပြောကြတယ်။အခြားသူတွေ သတင်းတော့မကြားရဘူး။ ဘာဆက်လုပ်ရမလဲ ဆိုတာကိုတော့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်'' ဟု ပြောသည်။

 

မိုးပညာဒါနပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင် (၄၁) နှစ်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်-သံတွဲသွားရာလမ်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် တပ်မတော်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။

 

''သူတို့တရားစွဲထားတာကလည်း ဘာအမှုမှန်း ရေရေရာရာမသိရဘူး။အာမခံလည်း မရသေး။ ဖြစ်နိုင်ရင်တော့ ပြန်လွှတ်စေချင်တာပေါ့။   အပြစ်မရှိရင် ပြန်လွှတ်ပေးပေါ့ လေ''ဟု မတွယ်တာစိုး က ပြောသည်။

 

ဦးအောင်ဝင်းနိုင်နှင့်အတူ ဖမ်းဆီးခံထားရသူ (၆) ဦးမှာ ယနေ့အချိန်ထိ မည်သူမည်ဝါ မှန်း မသိရသေးပဲ ပျောက်ဆုံးလျက်ရှိနေကြောင်း၊ းအောင်ဝင်းနိုင်တွင် ၉ လအရွယ်နှင့် ၅ နှစ်အရွယ် သမီးငယ်နှစ်ဦးရှိ ပြီး မိသားစုလည်း စားဝတ်နေရေးခက်ခဲနေကြောင်းသိရသည်။

 

အဆိုပါ အမှုနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ် ရဲစခန်းသို့ အသေးစိတ်မေးမြန်းရန် ဆက်သွယ်သော်လည်း တစုံတရာ ဖြေဆိုခြင်း မရှိခဲ့ပါ။

ဆက်စပ် သတင်းများ