ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ချင်းမိုင်မြို့ ထိပ်သီး ခေါင်းဆောင်များ၏ ညီလာခံပြီးစီး၊ လက်ရှိအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 1k

နိရဉ္စရာ၊ ဧပြီ ၄/၂၀၂၂

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ ၂၉ ရက်နေ့က စတင် ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ညီလာခံသည် ဧပြီ ၃ ရက်နေ့က ပြီးဆုံးသွားခဲ့သည်။

 

ညီလာခံ အပြီးကျေညာချက်တစ်စောင် ထုတ်ပြန်ရာတွင် ယခုညီလာခံက ဖွဲ့စည်းပေးသည့် PPST (ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့) အနေဖြင့် မြန်မာပြည်၏ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းများဖြင့် အဖြေရှာရန် အလို့ငှာ NCA ၏ အနှစ်သာရများကို အခြေခံပြီး ညီလာခံက အတည်ပြုပေးခဲ့သည့် နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက်များကို စုစည်းညီညွတ်စွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

 

ယခုီလာခံ ကနေ PPST အဖွဲ့ ခေါင်းဆောင်အဖြစ် နိုင်အောင်မင်း အဖွဲ့ဝင်များ အဖြစ်  ဗိုလ်မှူးကြီး ခွန်ဥက္ကာ ခိုင်စိုးနိုင်အောင်နှင့်  ဒေါက်တာနော်ကပေါ်ထူး  ညှိနှိုင်းဆောင်ရွက်ရေးမှူး အဖြစ ရဲဘော်မျိုးဝင်းတို့ကို  တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။

 

ယခုညီလာခံကို NCA လက်မှတ်ထိုးထားသည့် KNUKNPP နှင့်  CNF  တို့ မှ ကိုယ်စားလှယ်များ စေလွှတ်ခြင်း မရှိသော်လည်း  KNU  ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးသည် အထူး ဖိတ်ကြားသူအဖြစ် တက်ရောက်ခဲ့သည်ဟု သိရသည်။

 

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် ပြည်နယ် အဆင့် လက်မှတ်ထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) မှ ခိုင်ရဲခိုင်၊ ခိုင်စိုးနိုင်အောင်နှင့် စောမြရာဇာလင်းတို့ သုံးဦးတက်ရောက်ခဲ့သည်ဟု သိရသည်။

 

ALP မှာ နှစ်ဖွဲ့ကွဲနေသော်လည်း ယခုညီလာခံသို့ ပါတီတစ်ခုတည်းမှ ကိုယ်စားလှယ်များ အနေဖြင့် တက်ရောက်ခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ကိုယ်စားလှယ် တစ်ဦးက ပြောဆိုသည်။

 

စတုတ္ထအကြိမ်မြောက် NCA-s EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယ)ပိုင်းသို့ NCA-s EAO အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၃၉ ဦး၊ အထူးဖိတ်ကြားထားသူ ၂၃ ဦး အပါအဝင် စုစုပေါင်း (၉၆) ဦးတက်ရောက်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ