စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကယားပြည်နယ်တွင် စစ်ဘေးရှောင်များစီးနင်းလာသည့်ကား ချောက်ထဲကျသွား၍ ၃ဦးသေဆုံး၊ ၂ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 7.7k

နိရဉ္စရာ၊ မေ ၁၂/ ၂၀၂၂ (တိုင်းရင်းသားရေးရာ)
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် စစ်ဘေး ရှောင်ဒုက္ခသည်များ စီးနင်း လာသည့်ကားတစ်စီးမှာ ယနေ့ မေလ ၁၂ရက် နံနက် ၈နာရီ အချိန်ခန့်တွင် ပေ ၄၀၀ခန့်နက်သည့် ချောက်အတွင်းသို့ ကျသွားသွားခဲ့သဖြင့် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အဆိုပါချောက်သို့ကျသွားသည့်အတွက် ကားပေါ်၌လိုက်ပါလာသည့် စစ်ဘေးရှောင်ဒုက္ခသည် ၅ဦးအနက် ၂ဦးမှာပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန် ၃ဦးမှာ သက်ဆိုင်ရာ ကျန်းမာရေးကားဖြင့် သယ် ယူသွားရာ ဆေးပေးခန်း အရောက်တွင် ၁ဦးမှာ ထက်မံသေဆုံးခဲ့သည်ဟု ၎င်းကိစ္စအားကူညီပေးခဲ့သည့် ဒေါ်ရို့စလင်းအိက နိရဉ္စရာသတင်းဌာနကို ပြောသည်။
"ကျမက ခရီးသွားကြုံရင်း ကူညီပေးတာပါ။ အများကြီးတော့မသိပါဘူး။ ကားကျပြီးမှ တွေ့တာပါ။ ကားပေါ် အမျိုးသား ငါးယောက်ပါ။ နှစ်ယောက် အသက်ရှင်ကျန်ပါတယ်။ နေ့လည်ကအထိပေါ့။ ကျမ ကအဲ့နောက်ပိုင်း ခရီးဆက်သွားလို့ ဘာအသိတော့ပါဘူး။ နေရာကတော့ပြောလို့ အဆင် မပြေပါဘူး။။အဲ့နေရာ ကျမ နေနေလို့ပါ။ ကျမက ဖမ်းဝရမ်းထိထားလို့ပါ"ဟု ပြောသည်။
သေဆုံးသွားသူများမှာ ဒီးမော့ဆိုအနီး တစ်ဝိုက် စစ်ရှောင်နေသူများ ဖြစ်သည်ဟုသိရသည်။ (NN-11)

ဆက်စပ် သတင်းများ