ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တိုင်းပြည်နိုင်ငံရေးအကျပ်အတည်းဖြစ်နေချိန် လျစ်လျူရှုမျက်ကွယ်မပြုနိုင်၍ ဆွေးနွေးပွဲလာတက်ဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.7k

နိရဉ္စရာ၊ မေ ၂၂/ ၂၀၂၂ (တိုင်းရင်းသားရေးရာ)
မိမိတို့တိုင်းပြည် နိုင်ငံရေးအကျပ်အတည်းဖြစ်နေချိန်မှာ မိမိတို့အနေနှင့် လျစ်လျူရှုမျက်ကွယ် မပြုနိုင်၍ ယခုဆွေးနွေးပွဲကို လာတက်တာဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ သူ၏နှုတ်ခွန်းဆက်မိန်းခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။
စစ်ကောင်စီအဖွဲ့ဝင်များနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တွေ့ဆုံဆွေးနွေးပွဲတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ မေလ၂၁ ရက် တွေ့ဆုံနွေးပွဲ နှုတ်ခွန်းဆက်မိန်းခွန်းတွင် ထိုသို့ ပြောကြားသွားခဲ့သည်။
ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တွေ့ဆုံနွေးပွဲ နှုတ်ခွန်းဆက်မိန်းခွန်းတွင် ပြောကြားချက်များမှာ .........
မကျင်းပနိုင်သည်မှာ ကြာပြီဖြစ်သည့်နိုင်ငံရေးဆွေးနွေးပွဲများ၊ တစ်ဆို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်း နိုင်ရေးတို့အတွက် ယခု တွေ့ဆုံဆွေးနွေးပွဲက စမှတ် (Entry Point) ဖြစ်ကြောင်းပြောဆို....
ယခု တွေ့ဆုံ ဆွေးနွေးပွဲမှ အားလုံးအတွက် အောင်မြင်တဲ့ Win Win Solution ရလဒ်ရရှိအောင် ပြဿနာများကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဟု ပြောဆိုသလို တွေ့ဆုံ ဆွေးနွေးခြင်းနည်းလမ်းဖြင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲမှာ ကနဦးဆွေးနွေးပွဲသာဖြစ်ပြီး ယနေနေ့မှ စ၍ စဉ်ဆက်မပြတ် Process တခုအဖြစ် စီစဉ်ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ပြောဆို...
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေး၊ တန်းတူရည်တူပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝ ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးတို့ကို ရည်မှန်းဟု ပြောဆို.......
နိုင်ငံရေးဆွေးနွေးပွဲကျင်းပခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် အချိန်အလွန်ကြာလာလျှင် မထင်မှတ်သည့် ပြင်ပ အမှောင့်ပယောကတွေ ဝင်လာတတ်ပြီး အထစ်အငေါ့များ ဖြစ်စေနိုင်သဖြင့် အချိန်တိုတောင်းပြီး ပြီးပြည့်စုံသည့် ရလဒ်ထွက်သည့် နည်းလမ်းများကို ရှာဖွေရမည်ဟုဆို......
အားလုံးလက်ခံသဘောတူသည့် ဖက်ဒရယ်မူနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ အုပ်ချုပ်ရေး စနစ်ကို ပြုပြင်ပြောင်းလဲခြင်း၊ လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲခြင်း စသည်တို့ကို အဆင့်ဆင့် ဆောင်ရွက်သွားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းရမည်ဟုဆို....
မိမိတို့တိုင်းပြည်ဟာ နှစ်ပေါင်း(၇၀) ကျော်ကြာ ပြည်တွင်း စစ်ရေး ပဋိပက္ခများကြောင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ယနေ့အထိ မတည်ဆောက်နိုင်သေးခြင်းမှာ ဘာကြောင့်လဲ၊ ရင်းမြစ်ကို ပြည်လည် သုံးသပ်ကြည့်ဖို့ လိုအပ်ဟုပြောဆို.....
အတိတ်ကာလက အားနည်းချက်တွေကို သင်ခန်းစာယူပြီး ရှေ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေကို ပြင်ဆင် ဆောင်ရွက်ထားရမည်ဟုဆို.....
ရိုးသားမှု၊ စေတနာသန့်သန့်ထားရှိမှုဗြဟ္မစိုလ်တရား (၄)ပါး လက်ကိုင်ထားမှု တို့ဖြင့် ဆောင်ရွက်မယ်ဆိုရင် ငြိမ်းချမ်းရေးကိုမရနိုင်စရာ အကြောင်းမရှိဘူးဟု ပြောဆို ..
နစက ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးပွဲဟာ အပြုသဘောဆောင်ပြီး အပြန်အလှန် ယုံကြည်မှုတွေကို ထပ်မံတိုးမြှင့် တည်ဆောက်နိုင်ခဲ့သလို ဖက်ဒရယ်ကိစ္စ၊ ဒီမိုကရေစီကိစ္စ၊ ပါတီစုံနိုင်ငံရေးစနစ်၊ အနာဂတ်ပြည်ထောင်စုကို ပုံဖော်ခြင်း ကိစ္စ၊ လက်ရှိနိုင်ငံရေး အကျပ်အတည်း ဝိုင်းဝန်းပူးတွဲ ဖြေရှင်းရေးကိစ္စ အပါအဝင် အရေးကြီးသည့် အနာဂတ် နိုင်ငံရေး ဆွေးနွေးပွဲများကိစ္စ၊ လုပ်ငန်းစဉ်နှင့် အချိန်ဇယားတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်နိုင်ခဲ့ဟု ပြောဆို......
ကမ္ဘာကြီး၏ အခြေအနေ အချိန်နှင့်အမျှ ပြောင်းလဲနေသည့်အတွက် မိမိတို့အားလုံးအနေဖြင့် နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးအပါအဝင် အခြား အရေးကြီးသည့်ကိစ္စရပ်များကို ခေတ်စနစ် ကာလ၊ဒေသပုဂ္ဂလ အခြေအနေများနှင့် အညီ သူ့ဖက်ကိုယ်ဖက် မျှမျှတတ စီမံဆောင်ရွက်ရန်လိုဟု ပြောဆို……….
(ပြီး)
(Photo and statement from Sai Tun Aung Lwin post)

ဆက်စပ် သတင်းများ