စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် တောဆင်ရိုင်းများဝင်ရောက်တိုက်ခိုက်မှုကြောင့် နွား ၆ကောင် သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 255

နိရဉ္စရာ၊ ဇွန် ၂/၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုနယ်မြေအတွင်း တောဆင်းရိုင်း တစ်အုပ်၏ ဝင်ရောက်သောင်းကျန်းပြီး နွားများကိုတိုက်ခိုက်မှုကြောင့် နွားခြံတစ်ခြံမှ နွား ၆ကောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။
တောဆင်ရိုင်းအုပ်စုတစ်ခုသည် မေလ ၃၁ ရက်နေ့ ညဉ့်အချိန်တွင် တောင်ပြို မြို့နယ် အမှတ် (၁) ရပ်ကွက်မှ ဦးရှော်တင်တရော်ပိုင် နွားခြံမှ နွားများကို ဝင်ရောက်တိုက်ခိုက်သည့် အတွက် နွား (၆) ကောင်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
ဝင်ရောက်သောင်းကျန်းခဲ့သည့် တောဆင်ရိုင်းအုပ်တွင် ဆင်(၃) ကောင် ပါရှိသည်ကို မြင်တွေ့ရပြီး ရွာတောင်ဘက်ရှိ တောင်ကုန်းသို့ ဝင်ရောက် သွားခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် မိုးဦးကျရာသီစပါးစိုက်ပျိုးချိန်နှင့် ပွင့်လင်းရာသီ စပါးပေါ်ချိန်များတွင် တောဆင်ရိုင်းများ ကျေးရွာများအနီးသို့ လာရောက်ကာ စပါးခင်းများနှင့် စိုက်ခင်းများကို ဖျက်ဆီးလေ့ရှိကြောင်း ဒေသခံမျာက ပြောသည်။ (NN-14)
(Photos by We love Maungdaw)

ဆက်စပ် သတင်းများ