စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ငါးဖမ်းခွင့်ကို စစ်ကောင်စီက နောက်ထပ် (၂) လထပ်ပိတ်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 939

ပင်လယ်ပြင်ကို အဓိက အားကိုးပြီး  အသက်မွေးဝမ်းကျောင်း ပြုလုပ်နေကြရသည့် ဒေသခံ ရခိုင်ပြည်သူများအား အကြီးအကျယ် အခက်အခဲဖြစ်စေသည့် ငါးမဖမ်းရ အမိန့်ကို  စစ်ကောင်စီက ကျောက်ဖြူမြို့တွင် နောက်ထပ် ၂ လ တိုးမြင့် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်ထဲတွင်  ကျောက်ဖြူ မြို့နယ်/ မြို့နှင့်ထိစပ်နေသော ပင်လယ်/ မြစ်ကမ်း တစ်လျောက် (လိပ်ခမော်ကျေးရွာအုပ်စု၊ ဂုံးချိန်ကျေးရွာအုပ်စု၊ နတ်ကျောက်ကမ်းခြေ၊ ဆိတ်ကျွန်း၊ သာဿနာ ၂၅၀၀ ကမ်းခြေ၊ စေတီရပ်ကွက်၊ အစိုးရရပ်ကွက်၊ သန်ပန်ချောင်းရပ်ကွက်မြစ်နားတန်း ရပ်ကွက်၊ ကုလားပိုက်ဆိပ်ရပ်ကွက်၊ ပြင်ဖြူမော်ရပ်ကွက်၊ ကညင်တောရပ်ကွက်၊ ငလပွေ့ရပ်ကွက် အုန်းချောင်း/ ပလပွေ့ချောင်း၊ စိုင်ခြုံကျေးရွာအုပ်စု၊ အောင်စေတီရွာ၊ ကပ်သပြေကျေးရွာအုပ်စု၊ ကန္ဒီး ကျေးရွာအုပ်စု၊ မြို့နှင့်ထိစပ်နေသော ကမ်းခြေဒေသများ၊ သံဇစ်မြစ်အတွင်း)ရှိ ကမ်းခြေဒေသများ၊ ရေဒေသများ၊ ရေနယ်နိမိတ်များတွင် မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ(၂၄)နာရီ ကာလပတ်လုံး ငါးမဖမ်းရဟု ပါရှိသည်။

ဒေသခံပြသည်သူများ အနေဖြင့် (က) လက်လှေ ၊ ဟွန်ဒါစက်လှေများသွားလာခြင်း ငါးဖမ်းဆီးခြင်း မပြုလုပ်ရ၊  ( ခ) လက်လှေ၊ ဟွန်ဒါစက်လှေ၊ စက်လှေ(ကြီး/ငယ်)၊ ကမ်းဝေး ငါးဖမ်းလှေများ ဖြတ်သန်း သွားလာခြင်း၊ ကမ်းကပ်ခြင်းမပြုလုပ်ရဟု ပါရှိသည်။ 

၎င်းတားမြစ်အမိန့်ကို မပျက်မကွက် လိုက်နာဆောင်ရွက်ကြရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများအရ အရေးယူမည်ဟု ဆိုသည်။

၎င်းအမိန့်ကြေငြာချက်သည် ထုတ်ပြန်သည့်နေ့မှစ၍ ၂၀၂၄ခုနှစ်၊ ဧပြီလ(၁၉ )ရက်နေ့ထိ အတည် ဖြစ်ကြောင်းထုတ်ပြန် ကြေငြာလိုက်သည်ဟု ပါရှိသည်။ 

ကျောက်ဖြူ မြို့နယ်အုပ်ချုပ်ရေးမှူး စာအမှတ်၊ ၂ / ၃ / ၃ - ၂ / ဦး ၁( အထဥ) ရက် စွဲ ၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်ထုတ်ပြန်ထားခြင်းဖြစ်သည်။



ဆက်စပ် သတင်းများ