ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

အိုကီးယားဒုက္ခသည်စခန်း ခေါင်းဆောင်တစ်ဦးသတ်ဖြတ်ခံရမှုတွင် သံသယရှိသူ ၃ ဦးကို ဘင်္ဂလားဒေ့ချ်အာဏာပိုင်များဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 6.1k

နိရဉ္စရာ၊ ဇွန် ၁၂/ ၂၀၂၂ ( ဒုက္ခသည်ရေးရာ)

 

ဘင်္ဂလာဒေ့ချ်နိုင်ငံ၊ ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင် အိုခီးယားမြို့နယ်က မြန်မာမူဆလင် ဒုက္ခသည်စခန်းတစ်ခုတွင် ဇွန် ၉ ရက်နေ့က  စခန်းခေါင်းဆောင်တစ်ဦးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး သံသယရှိသူ ဒုက္ခသည် ၃ ဦးကို ဘင်္ဂလားဒေ့ချ် အာဏာပိုင်များက ဇွန်လ ၁၀ ရက် သောကြာနေ့ ညအချိန်တွင် ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

 

ဖမ်းဆီးခံရသူများမှာ အမှတ် (၁၉) ဒုက္ခသည်စခန်းတွင်နေထိုင်သူ မိုဟာမတ် ဟာဆိမ်း(၄၀)နှစ်၊ အမှတ် ၁၆ ဒုက္ခသည်စခန်းမှ မိုဟာမတ်ဇာဘေ့ရ် (၃၂)နှစ်နှင့် အီလီယာ (၄၀)နှစ်တို့ဖြစ်ကြောင်း ဒေသထုတ် ဘင်္ဂလီသတင်းစာများတွင် ဖော်ပြသည်။

 

လွန်ခဲ့သည့် ဇွန်လ ၉ရက်နေ့ ညအချိန် အိုခီးယားမြို့နယ်အတွင်းရှိ အမှတ်၁၈ ဒုက္ခသည်စခန်း B –Block  တွင် နေထိုင်သည့် စခန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အာဇိမ်အူလ္လာ ကို စခန်းအတွင်းရှိ သူ့နေအိမ်မှ လူဆိုး အဖွဲ့တစ်ခုနေအိမ်မှ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်အတွင်း တခြားဒုက္ခသည် ၂ ဦးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသထုတ် Samakal သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

 

ယခုကဲ့သို့ သတ်ဖြတ်ခံရခြင်းမှာ သေဆုံးသူ အာဇိမ်အူလ္လာမှာ ဘင်္ဂလာ အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး ဘင်္ဂလာအာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်မှုများမလုပ်ရန် လူဆိုးအဖွဲ့မှ သတိပေးခံထားသူဖြစ်သည်ဟုလည်း အမည်မဖော်လိုသည့် ဒုက္ခသည်တစ်ဦးက ပြောဆိုကြောင်းလည်း သတင်းတွင် ဖော်ပြသည်

 

၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အိုကီးယား မှုဆင်လင် ဒုက္ခသည်စခန်းမှ နာမည်ကြီး ဒုက္ခသည် ခေါင်းဆောင်တစ်ဦးဖြစ်သူ Mohibullah ကို လက်နက်ကိုင်အဖွဲ့တစ်ခုက သတ်ဖြတ်ခဲ့သည်။ (NN-14)

ဆက်စပ် သတင်းများ