သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အိုကီးယားဒုက္ခသည်စခန်းတစ်ခုတွင် အာဆာအဖွဲ့ဝင်တစ်ဦးလက်တုံ့ပြန်သတ်ဖြတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k

နိရဉ္စရာ၊ ဇွန် ၂၃/ ၂၀၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိုကီးယားမြိုကနယ် ဒုက္ခသည်စခန်းတစ်ခုတွင် အာဆာအဖွဲ့ဝင် တစ်ဦး ဇွန် ၂၂ ရက်နေ့က လက်တုံ့ပြန်သတ်ဖြတ်ခံခဲ့ရသည်ဟု The Daily Star သတင်းအရ သိရသည်။

သေဆုံးသူမှာ Mohammad Shah (၄၂)နှစ်ဖြစ်ပြီး Modhurchora ဒုက္ခသည်စခန်းတွင် နေထိုင်သူဖြစ်သည်။

ကွယ်လွန်သူ၏ဇနီးဖြစ်သူ ဆာဂျီဒါဘေဂွန်က ၎င်း၏ခင်ပွန်းသည် ပျက်နေသာမိုဘိုင်းဖုန်း ဆက်သွယ်ရေးကို ပြုလုပ်ရန် နံနက် ၆ နာရီ ၃၀ ခန့်တွင် နေအိမ်မှ ထွက်ခွာသွားပြီး  ဆိုင်တစ်ဆိုင်အနီးတွင် မတ်တပ်ရပ်နေစဉ် အမည်မသိလူတချို့ ရုတ်တရက်ရောက်လာပြီး ပစ်သတ်ကာ ထွက်ပြေးသွားကြသည်ဟု ပြောဆိုသည်။

၎င်းအား ကျည်ဆန်ဒဏ်ရာများဖြင့် ကော့စ်ဘဇားခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ည ၈း၃၀ နာရီခန့်တွင် သေဆုံးသွားကြောင်း ဆရာဝန်များက ပြောသည်ဟု သတင်းတွင် ဖော်ပြသည်။

ခင်ပွန်းဖြစ်သူကို မည်သူက ပစ်သတ်သွားခဲ့သည်ကို  မသိရသေးဟု ဇနီးဖြစ်သူ ဆာဂျီဒါက ပြောသည်။.

သေဆုံးသူ သည် အာဆာအဖွဲ့ဝင်ဖြစ်ပြီး Whykong  ဒုက္ခသည်စခန်းတွင် နေထိုင်သူ မူဟာမတ် ဟာဆိမ်း (Mohammad Hashim) သတ်ဖြတ်ခံရမှုတွင် ပါဝင်ပတ်သက်သဖြင့် လက်တုံ့ ပြန်သတ်ဖြတ်ခြင်းအဖြစ် ထောက်လှမ်းရေးအေဂျင်စီမှ သံသယရှိနေကြောင်း ၎င်းသတင်း ရင်းမြစ်များကို ကိုးကားပြီး ဘင်္ဂလာရဲတပ်ဖွဲ့ ပြောသည်။

အိုကီးယား ရဲစခန်းမှ တာဝန်ခံ Sheikh Mohammad Ali က ရုပ်အလောင်းအား ခွဲစိပ်စစ်ဆေးပြီးနောက် မိသားစုဝင်များထံ လွှဲပြောင်းပေးမည်ဖြစ်သော်လည်း  အမှုမဖွင့်ရသေးဟု ပြောဆိုသည်။


"Rohingya man shot dead in Ukhiya refugee camp"

ဆက်စပ် သတင်းများ