ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် အိုကီးယားတွင် ဒုက္ခသည်ခေါင်းဆောင် ၂ ဦးသေနတ်ပစ်ခံရပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.4k

နိရဉ္စရာ၊ ဩဂုတ် ၁၀/ ၂၀၂၂

ဘင်္ဂလာဒေ့ချ်နိုင်ငံ၊ ကောစ်ဘာဇားခရိုင် အိုခီယားမြို့နယ်ရှိ မြန်မာနိုင်ငံက ထွက်ပြေးလာကြသည့်  မူလဆင်ဒုက္ခသည်စခန်းတခုတွင် ယမန်နေ့ ညဉ့်အချိန်က သေနတ်နှင့် ပစ်ခတ်ခံရသဖြင့်  ဒုက္ခသည် ခေါင်းဆောင် ၂ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

သေဆုံးသွားသည့် ဒုက္ခသည်ခေါင်းဆောင် ၂ ဦးမှာ စခန်းမှတ် ၁၅ BLOC-C/1  တွင်နေထိုင်သူ အာဘူလ်တာလေ (၄၀)နှစ် (ဘ) အာဒူလ် ရော်ဟိန်မေရ်နှင့် BLOC C/7 တွင်နေထိုင်သူ ဆွေယက်ဟောဆာမ် (၃၅) နှစ် (b) အီမင် ဟောဆာမ် တို့ ဖြစ်ကြောင်း ဘင်္ဂလာသတင်းများတွင် ဖော်ပြသည်။

အဖွဲ့ဝင် ၁၀ ဦးခန့်ပါဝင်သည့် သေနတ်သမားအဖွဲ့တစ်ခုသည်  သြဂုတ်လ ၉ ရက် အင်္ဂါနေ့ ည (၁၂) နာရီခန့်တွင် အဆိုပါ ခေါင်းဆောင် (၂) ဦးကို ပေ ၁၅၀ ခန့်အကွာမှ သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားသည်ဟု မျက်မြင် ဒုက္ခသည်များကို ကိုးကားပြီး သတင်းများတွင်ဖော်ပြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ချက်ချင်း အဆိုပါ ဒုက္ခသည်ခေါင်းဆောင် (၂) ဦးကို ဇမ်တိုလီရှိ  MSF ဆေးရုံကို ပို့ဆောင်ခဲ့သော်လည်း ဆွေယက်ဟောဆမ်းမှာ ဆေးကုသနေတုန်းသေဆုံးခဲ့ပြီး အာဒူလ်တာလေကိုလည်း MSF ဆေးရုံကနေ ကောတော့ပလောင် ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့သည်ဟု သိရှိရသည်။

ယခုအခါ သေနတ်သမားများကို ဘင်္ဂလာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်ရှာနေပြီး သေဆုံးသွားသည့် အလောင်းများကို အိုခီးယားရဲစခန်းမှတစ်ဆင့် ကော့စ်ဘာဇားဆေးရုံကို ပို့ဆောင်ထားကြောင်း သိရှိရသည်။

အိုကီးယားမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင် ပြိုင်ဘက် လက်နက်ကိုင် အုပ်စုများအကြား မကြာခဏ အပြန်အလှန် လက်စားချေ သတ်ဖြတ်မှုများ ပေါ်ပေါက်နေကြောင်း ဘင်္ဂလားဒေ့ရှ် ဒေသဆိုင်ရာသတင်းများတွင် ဖော်ပြကြသည်။   (NN 14)

 

উখিয়ায় ক্যাম্পে গুলিতে ২ রোহিঙ্গা নেতা নিহত

ဆက်စပ် သတင်းများ