ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မောင်တော အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မီးလောင်ဆုံးရှုံးသွားသူများအတွက် အိန္ဒိယအစိုးရမှ နေအိမ်အလုံး (၂၅ဝ)ပေးအပ်လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4.8k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင်၂ဝ၁၇ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မီးလောင်ဆုံးရှုံးသွားသူများအတွက် နေအိမ်အလုံး (၂၅ဝ)ကို အိန္ဒိယအစိုးရမှ ပေးအပ်လှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါနေအိမ်များကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့၊ နံနက် ၁ဝ နာရီတွင် မောင်တောမြို့ ရွှေဇားကျေးရွာအုပ်စု အောင်ဗလကျေးရွာ၌ အခမ်းအနား  ပြုလုပ်ကာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကိုယ်တိုင် သွားရောက် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ဟိန္ဒူလူမျိုး တစ်ဦးဖြစ်သူ ဦးနီမောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဦးနီမောင်က “၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်မှု ဖြစ်စဉ်မှာ ကျနော်တို့ ဟိန္ဒူတွေက နေရပ်စွန့်ခွာလာကြတယ်။ ထွက်ပြေးလာကြပြီး နိုင်ငံတော်အစီစဉ်နဲ့ သူတို့ကယ်ဆယ်ရေးစခန်း ဖွင့်လို့ပေးတယ်။ မောင်တောမှာ ဖွင့်လှစ်ပေးထားတဲ့ ကယ်ဆယ်ရေး စခန်းကို  အနယ်နယ်အရပ်ရပ်က ကျနော်တို့ ဟိန္ဒူလူမျိုးတွေ ရောက်နေတာ တစ်နှစ်နဲ့ ဆယ်လ ကျော်ကြာခဲ့ပါပြီ။ အဲဒါကို အိန္ဒိယ အစိုးရက နေအိမ်တွေ ဆောက်လုပ်ပြီး ဒီနေ့ လွှဲအပ်ပေးတာပါ” ဟု ပြောသည်။

အိန္ဒိိယအစိုးရက ပေးအပ်လှူဒါန်းပေးခဲ့သည့် နေအိမ်ပေါင်း (၂၅ဝ)တွင် နံသာတောင်ကျေးရွာမှ ရခိုင်လူမျိုးများအတွက် (၄၂)ဆောင်၊ မောင်တောမြို့ ရွှေဇားကျေးရွာအုပ်စု အောင်ဗလရွာရှိ ဟိန္ဒူများအတွက် (၁၄၈)ဆောင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကြိ်မ်ချောင်းတောင်သို့ ပြန်လည်ဝင်ရောက်လာသည့် ဘင်္ဂါလီများအတွက် (၆ဝ)ဆောင်တို့ ပါဝင်ကြောင်း ပွဲတက်ရောက်ခဲ့သူများ ပြောပြချက်အရ သိရသည်။

နေအိမ်ပေးအပ်လှူဒါန်းပွဲသို့ထက်ရောက်ခဲ့သည့်  နံသာတောင် ဆရာတော်ဦးအာစာရက “ မောင်တောဒေသ လူမှုစီးပွား ဘဝ ဖူလုံရေး ဒုက္ခသည်များအတွက် အိန္ဒိယအစိုးအနေနဲ့ တတ်နိုင်သလောက် ကူညီလှူဒါန်းပေးမယ် ဆိုပြီးပြောခဲ့တယ်။ ဦးဇင်းတို့ နံသာတောင် ရွာသားတွေလည်း  အခုလိုအတိဒုက္ခရောက်နေတဲ့ အချိန်မှာ နေအိမ် လှူဒါန်း ကူညီပေးတဲ့ အိန္ဒိယအစိုးရ ကို အထူး ကျေးဇူးတင်ပါတယ်။ နောက်လည်း ဒီလိုအိမ်ရာများ လှူဒါန်းပေးပါလို့ ဦးဇင်းအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မိန့်ကြားသည်။

နေအိမ်ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို မြန်မာအစိုးရဘက်မှ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ဒု-ဝန်ကြီးဦးစိုးအောင်တို့အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(Photo by India Embassy)

ဆက်စပ် သတင်းများ