ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်မှ မူဆလင်ဒုက္ခသည်များ တရာမဝင်လမ်းကြောင်းမှ မြန်မာနိုင်ငံသို့ ပြန်ဝင်မှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 4.4k

နိရဉ္စရာ၊ ဇွန်

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်အတွင်းရှိ မူဆလင်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်မိသားစု ၅၀ ခန့်သည် လွန်ခဲ့သည့် ၂၁ ရက်အတွင်းက စခန်းများကို စွန့်ခွာပြီး မြန်မာနိုင်ငံသို့  တရားမဝင်လမ်းကြောင်းမှတစ်ဆင့်  ပြန်သွားကြသည်ဟု အိုကီးယားနယူးစ် သတင်းတွင် မေ ၂၇ ရက်နေ့က သတင်းဖော်ပြသည်။

 

မြန်မာပြည်သို့ ပြန်သွားကြသူများအထဲတွင် အိုကီးယားမြို့နယ်ရှိ အိမ်အမှတ် ၅၈၄၊ အကွက်အမှတ် အေ A 4A စခန်းအမှတ် ၁၇ (အမည်- Shafiullah Kata) မှ မူဟာမတ်အာယု/Mohammad Ayub (၃၈) နှစ်သည် ဖခင်ဖြစ်သူ ဟာဖီဇူရာဟမန် အပါအဝင် မိသားစု ဦးနှင့် အတူ မေ ၁၆ ရက်နေ့က မြန်မာပြည်သို့ ပြန်သွားကြောင်း ၎င်းသတင်းတွင် ဖော်ပြထားသည်။

 

မေလ ၁၁ ရက်နေ့ ညနေ နာရီခန့်ကလည်း စခန်းအမှတ် ၁၄ အကွက် ဘီ၊ အိမ်အမှတ် ၃၉၈မှ အာရှီအုလာ/Asiullah (၅၀) နှစ် အပါအဝင် ၈ယောက် ပြန်သွားသည်ဟု ဖော်ပြသည်။

 

မေ ရက်နေ့လယ်ကလည်း စခန်း အမှတ်(၉) အကွက် အေ၊ အိမ်အမှတ် ၃၉၉ မှ အာလီယက် (၄၂) အပါအဝင် ယောက် ပြန်သွားပြီး မေလ ရက်နေ့ကလည်း ပလောင်ခါလီ စခန်း အိမ်အမှတ် ၉၆၅ မှ ကာမေးလ် မူစတာဖာ (၄၀) နှစ် အပါအဝင် ယောက်ပြန်သွားကြောင်း သတင်းတွင် ဖော်ပြထားသည်။

 

၎င်းပြင် ဘာလူခါလီ စခန်း အမှတ်(၉) အကွက် စီ-၁၃ မှ အဘာဒူလ်ရာဟာမန် (၃၅) နှစ် အပါအဝင် ယောက် ပြန်သွားပြီး မတ်လ ၂၄ ရက်နေ့ကလည်း ကျောင်းဆရာ Nurul Kabir သည် မိသားစု ယောက်နှင့် အတူ မြန်မာပြည်သို့ ပြန်သွားသည်ဟု သတင်းတွင် ဖော်ပြထားသည်။

 

၎င်းပြင် ဒုက္ခသည်တချို့မှာ စခန်းအများအပြားကနေ မြန်မာနိုင်ငံသို့ ပြန်နေကြကြောင်း၊ ကျန်အများအပြားလည်း  မြန်မာပြည်သို့ ပြန်ရန် ပြင်ဆင်နေကြသည်ဟု သတင်းတွင် ဖော်ပြသည်။

 

စခန်းများတွင် သွားလာမှု ကန့်သတ်ထားပြီး သံဆူးကြိုးများလည်း ကာရံထားသည့် အကြားက မည့်ကဲ့သို့ ပြန်နေကြသည်ကို မသိကြောင်းလည်း ဖော်ပြသည်။

 

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ အကူအညီပေးရေးနှင့် ပြန်ပို့ရေး ကော်မရှင်နာ Mohammad Samchu-Ddouzar က ၎င်းကိစ္စနှင့် ပတ်သက်၍ သတင်းမရသေးကြောင်း ပြောကြားသည်။

 

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး နိရဉ္စရာမှ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရရှိသေးပါ။

ဆက်စပ် သတင်းများ