ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကော့စ်ဘဇား ဘာလုခါလီဒုက္ခသည်စခန်းတွင် အုပ်စု ၂ ခုကြားတိုက်ခိုက်မှုဖြစ်ရာက ၇ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 316

နိရဉ္စရာ၊ အောက်တိုဘာ ၂၂/ ၂၀၂၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား၊ အိုကီးယားမြို့နယ်တွင် တည်ရှိသည့် အမှတ် ၁၈ ဘာလုခါလီ (Balukhali) မြန်မာနိုင်ငံက ထွက်ပြေးလာသည့် မူဆလင်များ နေထိုင်သည့်  ဒုက္ခသည်စခန်းတွင် ယနေ့နံနက်က အုပ်စု နှစ်ခုအကြား တိုက်ခိုက်မှု ဖြစ်ပွား၍ ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းစခန်း၏ လုံခြုံရေးကို တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ အမှတ် () တပ်ရင်း (Armed Police Battalion (APBn)-8)  တပ်မှူး Shihab Kaiser Khanက ၎င်း ဖြစ်စဉ်ကို အတည်ပြု ပြောကြားသည်ဟု  The Daily Star သတင်း၌ ဖော်ပြသည်။

သေဆုံးသွားသူများအထဲမှ ဦးမှာ ဘာလုခါလီ အမှတ် စခန်းက Mohammad Idris (၃၂ )၊ ဘာလုခါလီ အမှတ်  စခန်းက Ibrahim Hossain (၂၂ )၊ စခန်း အမှတ် ၁၈ က Azizul Haque (၂၆) နှင့်  Md Amin (၃၂ ) တို့ ဖြစ်ကြသည်ဟု ဆိုသည်။

၎င်းဖြစ်စဉ်မှာ အုပ်စု နှစ်ခုကြား တိုက်ခိုက်မှု ဖြစ်ရာမှ သေဆုံးသွားခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

လက်ရှိတွင် လူတစ်ဦးအား လက်နက်နှင့် အတူ ရဲက ဖမ်းဆီးထားပြီး ပါဝင်သူများကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့က စခန်းထဲကို ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်နေသည်ဟု သိရသည်။

( The Daily Star/ 7 Rohingyas killed in clashes between 2 groups in Cox’s Bazar camp)

ဆက်စပ် သတင်းများ