ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ရန်အနေအထားသို့ရောက်ရှိနေသော်လည်း နစကကောင်စီက အကြောင်းမပြန်၍ မဖွင့်ရဘဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

သဥ္ဇာနွယ်

နိရဥ္စရာ၊ အောက်တိုဘာ ၈/ ၂၀၂၁

ကိုဗစ် ဖြစ်ပွားမှုနှုန်း ကျဆင်းလာနေပြီဖြစ်သဖြင့် ရခိုင်နယ်စပ်ကုန်သွယ်ရေးကို လက်ရှိတွင် ပြန်ဖွင့်၍ရနိုင်သည့် အနေအထားသို့ ရောက် ရှိနေပြီဖြစ်သော်ည်း နစကကောင်စီက တစ်စုံတစ်ရာ အကြောင်းမပြန်သေးသဖြင့် ကုန်သွယ်မှုကို စတင် မပြုလုပ်နိုင်သေးဟု ပြည်နယ်ကောင်စီ ပြောခွင့်ရသူပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကထုတ်ဖော်ပြောကြားလိုက်သည်။

ယနေ့ အောက်တိုဘာ ၈ ရက် ညနေ ၃ နာရီခွဲခန့်က ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင် စစ်တွေရှိသတင်းထောက်များနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

ကျနော်တို့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပြန်ဖွင့်ဖို့လုပ်နေပါပြီ။ နိုင်ငံတော်အစိုးရကိုလည်း စက်တင်ဘာလဒုတိယအပတ်က တင်ပြထားပါတယ်။ ဒါပေမဲ့ ခုထိအကြောင်းမပြန်သေးပါဘူးဟု ပြောသည်။

ယခုအခါ ရခိုင်တွင် ကိုဗစ်ဖြစ်ပွားမှုနှုန်း ၅ ရာခိုင်နှုန်းအောက်ကျဆင်းလာနေပြီ၍ ပြန်ဖွင့်နိုင်သည့်အနေအထားသို့ရောက်နေပြီဟု ဆိုသည်။

ခွင့်ပြုချက်ရသည်နှင့် ကုန်သည်များကို ဆက်သွယ်ပြောကြားကာ ချက်ချင်းပြန်ဖွင့်သွားမည်ဟုလည်း ဦးလှသိန်းက ဆိုသည်။

ရခိုင်နယ်စပ်ကုန်သွယ်ရေးကို ကိုဗစ်ရောဂါဖြစ်ပွားမှုမြင့်တက်ခဲ့မှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်မှ စတင်ကာ ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

ရခိုင်တွင် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ကုန်သွယ်ရေးပြုလုပ်နေသော စခန်းများမှာ စစ်တွေမြို့ရှိ ရွှေမင်းဂံကုန်သွယ်ထားရေးစခန်း၊ ကညင်ချောင်းစီးပွားရေးဇုန်နှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ