သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၂၂ ဦးကို မြန်မာရေတပ်က ဖမ်းဆီးသွားကြောင်း The Independent က သတင်းဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.6k

နိရဉ္စရာ၊ နိုဝင်ဘာ ၂၁/၂၀၂၁

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၂ ဦးကို မြန်မာရေတပ်က ဖမ်းဆီးသွားပြီး ၎င်းတို့နှင့်အတူ ကမ်းဝေးငါးဖမ်းစက်လှေ စီးကိုပါ သိမ်းယူသွားကြောင်း The Intendent တွင် ယနေ့ နေ့စွဲဖြင့် သတင်းဖော်ပြသည်။

စိန့်မာတင်ကျွန်း အုပ်ချုပ်ရေးမှူး နုရ်အာမတ်က ငါးဖမ်းသမား ၂၂ ဦးကို ငါးဖမ်းစက်လှေ စီးနှင့် အတူ ယမန်နေ့ စနေနေ့ နံနက်က ၁၀ နာရီက စိန်မာတင်ကျွန်း၏ အရှေ့ဘက် ပင်လယ်ပြင်၌ ငါးဖမ်းနေစဉ် မြန်မာရေတပ်က ဖမ်းဆီးသွားကြောင်း ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် ကမ်းခြေစောင့်ကို အဆိုပါ ငါးဖမ်းသမားများ ဖမ်းဆီးခံရခြင်းကို အကြောင်းကြားထားသည်ဟု စိန့်မာတင်ကျွန်း အုပ်ချုပ်ရေးမှူး နုရ်အာမတ်က ပြောကြောင်း သတင်း၌ ဖော်ပြသည်။

၎င်းငါးဖမ်းသမား ၂၂ ဦးသည် သောကြာနေ့ ညနေပိုင်းက (နုရ်အာမိန်၊ အမ်းဒီ အာဇင်း၊ အမ်းဒီဟူစိန်၊ အမ်းဒီ ယူနော့) တို့ပိုင်ဆိုင်သည့် ငါးဖမ်း ကမ်းဝေးစက်လှေ စီးဖြင့် ငါးဖမ်းရန် ထွက်ခွာ သွားခဲ့ကြကြောင်း၊ နောက်တစ်နေ့ စနေနေ့ နံနက်ပိုင်း ၎င်းတို့ ငါးဖမ်းနေချိန်တွင် မြန်မာရေတပ်သား တချို့သည် ရေပိုင်နက်နယ်နိမိတ်ကို ဖြတ်ကျော် ဝင်ရောက်ကာ ကမ်းဝေးငါးဖမ်းသင်္ဘောများကို သေနတ်ဖြင့် ချိန်ကာ ထိန်းချုပ် ခဲ့ကြောင်း ငါးဖမ်းစက်လှေ ပိုင်ရှင်များက ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

စိန့်မာတင်ကျွန်း ကမ်းရိုးတန်းစောင့်တပ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ထိန်းသိမ်း ခံထားရသော ငါးဖမ်းသမားများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ (သို့မဟုတ်) မြန်မာနိုင်ငံ မူဆလင် အသိုင်းအဝန်းမှ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။

တက်ကနက်မြို့နယ် အရာရှိ Parvez Chowdhuryက ဘင်္ဂလားနယ်ခြား စောင့်တပ်ဖွဲ့နှင့် ကမ်းခြေစောင့်တပ်တို့သည် စုံစမ်းစစ်ဆေးပြီးနောက် ယင်းကိစ္စနှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(Myanmar Navy detains 22 Bangladeshi fishermen on four trawlers)

ဆက်စပ် သတင်းများ