သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မောင်တောတွင် ထွက်ပြေးသွားသည့် နယ်ခြားစောင့်ရဲအုပ်ကို လိုက်ပို့သည့် သုံးဘီးဆိုင်ကယ်သမားကို မတွေ့၍ အစ်ကိုဖြစ်သူ ဖမ်းဆီးစစ်ဆေးခံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၄/ ၂ဝ၂၁

ောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က စွန့်ခွာ ထွက်ပြေးသွားသည် ဒုရဲအုပ်တစ်ဦးကို လိုက်ပို့ပေးသည့် သုံးဘီးဆိုင်ကယ်သမားကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဖမ်းဆီးရန် ရှာဖွေသော်လည်း မတွေ့သဖြင့် အစ်ကိုဖြစ်သူကို ညီဖြစ်သူကိုယ်စား ဖမ်းဆီးသွားသည်ဟု ဖမ်းဆီးခံရသူ၏ ဇနီးဖြစ်သူ ဒေါ်တင်ယိုင်က နိရဉ္စရာသတင်းဌာနသို့ ြောသည်။

ဖမ်းဆီးခံရသူမှာ မောင်တောမြို့နယ် မင်းခမောင်းကျေးရွာနေ ကျပန်းလုပ်ကိုင်စားသောက်သူ ဦးမောင်ခင်လှ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဝေလာတောင်စခန်းမှ ထွက်ပြေးသွားသည့် နယ်ခြားစောင့် ရဲအရာရှိ တစ်ဦးကို ကိုအောင်ကျော်လှဆိုသူက သုံးဘီးဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းနောက် ရဲတပ်ဖွဲ့ဝင် ၂ဝ ခန့်က လက်နက်များနှင့် အတူ  ဒီဇင်ဘာလ ၁ ရက် နံနက် ၆ နာရီခန့်တွင် ကိုအောင်ကျော်လှ၏ အစ်ကိုဖြစ်သူ နေအိမ်သို့ ဝင်ရောက်လာပြီး  ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံရသူ၏ ဇနီးဖြစ်သူ ဒေါ်တင်ယိုင်က နိရဥ္စရာအားပြောသည်။

ရဲတွေက အိမ်ကိုဝိုင်းလိုက်တယ်။ ခင်ဗျားညီဘယ်မှာလဲလို့မေးတယ်။ ကျွန်မအမျိုးသားက သူနဲ့ ကျွန်တော်တို့ အတူနေတာမဟုတ်ဘူး။ အဆက်သွယ်လည်း မရှိဘူးလို့ပြောတယ်။ မေးစရာရှိလို ဏခေါ်သွားမယ်ဆိုပြီးခေါ်သွားကြတာပါ။ သေနတ်တွေလည်း ရဲတွေမှာပါပါတယ်ဟုပြောသည်။
၄င်းနောက် ဦးခင်မောင်လှအား မင်းခမောင်းရဲကင်းစခန်းတွင် တစ်ညထားပြီး နောက်တစ်နေ့တွင် ကြိမ်ချောင်းရဲစန်းသို့ ခေါ်ဆောင်သွားသည်ဟု ကြားသိရကြောင်း သူမက ဆက်ပြောသည်။

မင်းခမောင်းကျေးရွာမှ ရပ်ရွာလူကြီးတစ်ဦးက ရဲကဗိုလ်ကြီးတစ်ယောက်က အိမ်ကိုလာမေးတယ်။ ဖုန်းနဲ့လည်း ဆက်မေးပါတယ်။ ကျွန်တော်တို့ဆီက ဒုရဲအုပ်တစ်ယောက်ပျောက်သွားတယ်။ အစ်ကိုတို့ အိမ်နီးချင်းက အိမ်မှာ ရှိလားမေးတယ်။ မရှိဘူးလို့ဖြေတော့ ထွက်ပြေးတာဖြစ်နိုင်တယ်လို့ ပြောတယ်။ ညီကို ရှာမရလို့ အစ်ကိုကိုဖမ်းသွားတာပါဟုပြောသည်။

အဆိုပါထွက်ပြေးသည့် နယ်ခြားစောင့်ရဲမှာ ဒုရဲအုပ် ကြည်ထွန်းဆိုသူဖြစ်ပြီး ကျောက်ဖြူမြို့ ဒေသခံ တစ်ဦးဖြစ်သည်ဟု ကြားသိရကြောင်း၊ ၄င်းအား ကိုအောင်ကျော်လှက မောင်တောမြို့ ၃ မိုင် ရပ်ကွက်သို့  နိုဝင်ဘာ ၃ဝ ရက်တွင်ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းနောက်မည်သည့် နေရာသို့ ရောက်ရှိနေသည်ကို မသိရှိရကြောင်း ၎င်းက ပြောသည်။

ရခိုင်အခြေစိုက် Western News  တွင် ထွက်ပြေးသွားသူမှာ  ဒုရဲအုပ် ကြည်ထွန်း ကိုယ်ပိုင်အမှတ် လ ၂၁၉၁၄၄ ဖြစ်ပြီး တာဝန်မထမ်းဆောင်လိုတော့၍ ရက္ခိုင့်တပ်တော် AA သို့ထွက်ပြေးသွားကြောင်း ဒေသခံ တစ်ဦးကို မေးမြန်း၍ သတင်းဖော်ပြထားသည်။  

အဆိုပါကိစ္စနှင့်ပတ်သက်၍ မောင်တောမြို့မရဲစခန်းမှူးရဲအုပ်မြင့်ကျော်ဦးအားဆက်သွယ်ရာ အဆိုပါ နေရာမှာ နယ်ခြားစောင့်အပိုင်နေရာများဖြစ်သဖြင့် ၄င်းအနေဖြင့် တစ်စုံတစ်ရာသိရှိထားခြင်း မရှိကြောင်း ပြောသည်။
ဦးမောင်ခင်လှအား ဖမ်းဆီးထိန်းသိမ်းထားသည့် ကြိမ်ချောင်းရဲစခန်း နိရဥ္စရာက ဆက်သွယ်နေဆဲ ဖြစ်သည်။

ဆက်စပ် သတင်းများ