စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ငါးဖမ်းလှေနှင့်မျောပါလာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦး ကျောက်ဖြူတွင် ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.6k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂/ ၂၀၂၂
စက်ချို့ယွင်းမှု ဖြစ်ပေါ်၍ ငါးဖမ်းလှေနှင့် အတူ မျောပါလာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ခြောက်ဦးကို ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ဖမ်းဆီးမိသည်ဟု သတင်းရရှိသည်။
ရခိုင်ပြည်နယ်မှ အစိုးရသတင်းများကို ပုံမှန် ဖော်ပြနေသည့် ရခိုင်နေ့စဉ်တွင် ယင်းသတင်းကို ဖော်ပြရာတွင် သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးအား တွေ့ရှိ ဖမ်းမိကြောင်း ဖော်ပြသည်။
၎င်းတို့အား ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်ရှိ NCR အအေးခန်းစက်ရုံအနီး ပင်လယ်ကမ်းခြေ၌ ဖေဖော်ဝါရီ ၁ ရက် နံနက် ၇ နာရီ တွင် သစ်သား စက်လှေ(၁)စီးနှင့် တစ်စီးနှင့် အတူ ဖမ်းမိသည်ဟု ဆိုသည်။
စစ်ဆေးတွေ့ရှိချက်အရ ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက်ကနက် (ကယုချောင်း)မြို့နယ် ၊ နိုဝါခါလီ ကျေးရွာ၊ ရာဇာဆားရတ်မှ ဖြစ်ကြပြီး ငါးဖမ်းရန်ထွက်ခွာလာစဉ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ကာ ရေစီးဖြင့် မျောပါလာခဲ့ရာမှ ကျောက်ဖြူသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
လက်ရှိ ၎င်းတို့ ၆ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခဲ့ရာ ရောဂါပိုးမရှိကြောင်းနှင့် မြို့နယ်(လဝက)မှ လိုအပ်သောစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ