သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်မှ အထောက်အထားမဲ့မူဆလင် ၁၁ ဦး မောင်တောနယ်စပ်ခြံစည်းရိုးမှဝင်ရောက်နေစဉ် ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k

နိရဉ္စရာ
မတ် ၃ဝ / ၂ဝ၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ နယ်စပ်ခြံစည်းရိုးကိုဖြတ်ကျော်ဝင်ရောက်ရန်ကြိုးပမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အထောက်အထားမဲ့မူဆလင် ၁၁ ဦးသည် ယနေ့ နံနက်က ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။
၄င်းတို့သည် ယနေ့ မတ်လ ၃ဝ ရက် နံနက်ပိုင်းက တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် မောင်တောနယ်စပ်ရှိ နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းနေစဉ် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ပါဝင်ပြီး ယင်းအထဲတွင် ကလေးငယ် ၂ ဦးလည်း ပါဝင်သည်ဟု သိရသည်။
လက်ရှိတွင် ၄င်းတို့အား သီးခြား ကော်ရန်တင်းထားရှိကာ ကိုဗစ်ပိုးရှိ/မရှိစစ်ဆေးသွားမည်ဖြစ်ပြီး လဝကအက်ဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ရခိုင်နေ့စဉ်

ဆက်စပ် သတင်းများ