ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဘင်္ဂလား-မြန်မာနယ်စပ်ကုန်သွယ်မှု ဧပြီထက် မေလတွင်ပိုမြင့်တက်ခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.7k

နိရဉ္စရာ၊ ဇွန် ၅/ ၂၀၂၂
ဘင်္ဂလား-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ လွန်ခဲ့သည့်ဧပြီလကထက် မေလအတွင်း မြန်မာဘက်က ဘင်္ဂလားဒေ့ချ်နိုင်ငံဘက်ကို ပို့ကုန်များ ပိုမိုတင်ပို့ နိုင်ခဲ့သည်ဟုသတင်းရရှိသည်။
မေလအတွင်း ကုန်ပစ္စည်းပမာဏ အမေရိကန်ဒေါ်လာ ၈သိန်းကျော်ဖိုးတိုးမြှင့် တင်ပို့နိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ်ကုန်သည်/ စက်မှုလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
စစ်တွေ ကုန်သွယ်ရေးဇုန်နှင့် မောင်တောနယ်စပ် ကုန်ုသွယ်ရေးဇုန်မှ ဘင်္ဂလာ ဘက်ကို လွန်ခဲ့သည့် ဧပြီလ အတွင်းက အမေရိကန် ဒေါ်လာ ၂ ဒဿမ ၆၈ သန်းဖို့ တင်ပို့နိုင်ခဲ့ပြီး မေလအတွင်း အမေရိကန် ဒေါ်လာ ၃ ဒဿမ ၅၆ သန်းဖိုး တင်ပို့နိုင်ခဲ့သည့်အတွက် ကုန်သွယ်မှု ပမာဏ မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရခိုင်ဘက်မှ ဘင်္ဂလာဒေ့ချ်နိုင်ငံ တက္ကနက်ဆိပ်ကမ်းသို့ အမေရိကန်ဒေါ်လာ ၃၅၆၅၇၀၈ သန်းဖိုးရှိ ပို့ကုန် ၇၃၁၀ မတ်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး ဘင်္ဂလာဘက်မှ အမေရိကန်ဒေါ်လာ ၉၅၄၀ ဖိုး ကုန်ပစ္စည်းတင် သွင်းခဲ့သည်။
မြန်ဘက်မှပို့ကုန်များတွင် ရန်ကုန်နှင့် ဧရာဝတီဒေသထွက် ငမြစ်ချင်း အပါအဝင် ရေထွက်ပစ္စည်း အမေရိ ကန်ဒေါ်လာ ၁ ဒဿမ ၉ သန်းဖိုး တင်ပို့ နိုင်ခဲ့သည့်အတွက် ပို့ကုန်စုစုပေါင်း ၅၅ ရာခိုင်နှုန်းနှင့် အများဆုံးဖြစ်သည်။
ထို့အတူ ရခိုင်ဒေသထွက် ကွမ်းသီး၊ ငနီတူခြောက်၊ ငါးကုန်းညိုနှင့် တံမျက်စည်း အပါအဝင် ခေါက်ဆွဲ၊ သနပ်ခါး ဂျင်း၊ မကျည့်စေ့နှင့် ကော်ဖီမစ်တို့ကိုလည်း တက္ကနက်ဆိပ်ကမ်းသို့ တင်ပို့ခဲ့ကြောင်း ရခိုင်ကုန်သည် စက်မှုအသင်း လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
ဘင်္ဂလာဒေ့ချ်နိုင်ငံ တက္ကနက်ဆိပ်ကမ်းမှ ရခိုင်ဘက်သို့ တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ စစ်တွေကုန် သွယ်ရေးဇုန်သို့ တီချပ်အထည် ၅၀၀၀ နှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးဇုန်သို့ ဒန်အိုးခွက်၊ PVC ပိုက်၊ ပလစတိတ် ရေတိုင်ကီနှင့် လက်နှိပ်ရေတုံကင်များအပါအဝင် အမေရိကန်ဒေါ်လာ (၈၇၉၀) ဖိုးကို မေလအတွင်း က တင်သွင်းခဲ့ကြောင်း ဇွန်လ ၄ ရက်နေ့က ရခိုင်ကုန်သည် စက်မှုအသင်းက ထုတ်ပြန်ထားသည်။
မေလ၁၄ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလာဒေ့ချ်နိုင်ငံ သံအမတ် ဦးဆောင်သည့်အဖွဲ့နှင့် ရခိုင်ကုန်သည် စက်မှုအသင်းမှ အတွင်းရေးမှူးအဖွဲ့နှင့် တာဝန်ရှိသူတချို့ စစ်တွေမြို့တွင်တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက် နိုင်မည့် အစီအစဉ်များနှင့် ရခိုင်ထွက်ကုန်များကို ဒါကာနှင့်စစ်တကောင်း ဆိပ်ကမ်းများသို့ တိုက်ရန် တင်ပို့နိုင်ရန် ဆွေးနွေးခဲ့ကြသည်။
ကုန်သွယ်မှု မြင့်တင်ရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသည့် လက်ရှိကုန်သွယ်မှုဆိုင်ရာ အခက် အခဲများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (NN-14)
(ဓာတ်ပုံ- မြန်မာ-ဘင်္ဂလားဒေ့ချ်နယ်စပ်ကုန်သွယ်ရေးသည် နိုင်ငံ၏ ဝင်ငွေကို ရှာပေးနေသောလုပ်ငန်းတစ်ခုဖြစ်သော်လည်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းသို့ သွားလမ်းကို ကောင်းမွန်စွာဖောက်လုပ်ထားခြင်း မရှိ သဖြင့် မိုးရွာသည်နှင့် ပျက်စီးနေသည်မှာ မြင်မကောင်းအောင်ဖြစ်နေသည်။)

ဆက်စပ် သတင်းများ