အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ကော့စ်ဘဇားခရိုင်ရှိဒုက္ခသည်စခန်း ၁၅ခုတွင် (၆) လအတွင်း မှုခင်းပေါင်း၂၀၁မှုဖြစ်ပွားခဲ့ပြီး အာဆာအဖွဲ့ဝင် ၄၁၄ဦးအပါအဝင်လူပေါင်း ၁၄၁၆ ဦးဖမ်းဆီးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 5.3k

ဇူလိုင် ၃/ ၂၀၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေးခိုလှုံလာသည့် မူဆလင်က္ခသည် စခန်း ၁၅ ခုတွင် (၆) လအတွင်း မှုခင်းပေါင်း ၂၀၁ မှုဖြစ်ပွားခဲ့ပြီး အာဆာအဖွဲ့ဝင် ၄၁၄ ဦး နှင့် မူနာအဖွဲ့ဝင် ၉ ယောက်ပါ အပါအဝင် လူပေါင်း ၁၄၁၆ ဦးဖမ်းဆီးခံခဲ့ရသည်ဟု  ဒေသအခြေစိုက် Dainik Cox'sbazar က ယနေ့ သတင်းဖော်ပြသည်။

၎င်းပြင် ဒုက္ခသည်စခန်းများမှ ၆ လအတွင်း သေနတ် ၁၅လက်အပါအဝင် စိတ်ကြွဆေးပြား ၄ သိန်းနီးပါးတို့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးရမိည့် လက်နက်များတွင် နိုင်ငံခြားလုပ် ပီစတို ၃လက်၊ ဒေသလုပ်သေနတ်လ ၁၂ လက်၊  ကျဉ်ဆန် ၂၀တောင့်၊ ကာတူ ကျည် ဆန် ၁၇ တောင့်၊ ကျည်ဘောက် ၃ ခုတို့ကိုပါဝင်ကြောင်း Dainik coxsbazar သတင်းက ဆက်လက် ဖော်ပြသည်။

(၆) လအတွင်း လက်နက်မှု ၁၅ မှုမှ တရားခံ ၁၉ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး စခန်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ဓါးပြမှုများမှ တရားခံဆယ်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် စိတ်ကြွဆေးပြား ၃၉၃၅၁၉ ပြား၊ ဆေးခြောက် ၁၃ ကီလို ၆၉ ဂရမ် ၊ ဘီယာ ၈၉ ဖာ၊ ဝီစကီပုလင်း ၁၂ ပုလင်း၊ ဆန်အရက် ၆၂၅၄ လီတာနှင့် အရက်ရောင်းရသည့် တာကာငွေ ၉၃၆၇၃၀ တို့ကိုလည်း သိမ်းဆည်းရမိကြောင်းလည်း ယင်းသတင်းတွင် ဖော်ပြသည်။

ယခု ဖမ်းဆီးရမိသည့် လူ၊လက်နက်များနှင့် စိတ်ကြွဆေးပြားများမှာ ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အတွင်း ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဒုက္ခသည်စခန်းများအတွင်းရှိ သူခိုးများထံမှလည်း (၆)လအတွင်း ရွှေ ၂၂၉ ဂရမ်၊  ဆန် ၁၂၈၄၀ ကီလို၊ သကြား ၁၁၉၅ ကီလို၊ စားဆီ ၁၈၃၂ လီတာ၊ ပဲ ၈၁၄ ကီလိုအပါအဝင် တခြားပစည်းများကိုလည်း သိမ်းဆည်း ရမိပြီး လျှပ်တပြက် စစ်ဆးမှုများအရ တာကာငွေ ၅၀၁၃၀၀ ငွေဒဏ်တပ်နိုင်ခဲ့ပြီး ၄၅ ဦးကိုလည်း ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

လွန်ခဲ့သည့် ဇွန်လအတွင်း လူသတ်မှု (၃) မှုဖြစ်ပွားခဲ့ပြီး APBN ရဲတပ်ဖွဲ့ အမှတ် (၁၄)က ပြစ်မှုကျူးလွန်သူ အများအပြားကို ဖမ်းဆီးခဲ့ကြောင်းဖြင့်လည်း သတင်းတွင် ဖော်ပြထားသည်။

(NN-14)

 

৬ মাসে রোহিঙ্গা ক্যাম্পে ৪ লক্ষ ইয়াবা, ১৫টি দেশী-বিদেশি আগ্নেয়াস্ত্র উদ্ধার ও ১৪১৬জন রোহিঙ্গা দুষ্কৃতিকারী গ্রেফতার করেছে ১৪ এপিবিএন

ဆက်စပ် သတင်းများ