သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြေပုံမြို့နယ်ဆရာဝန်သေဆုံးမှုအပေါ် ကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 1.7k

နိရဥ္စရာ၊ မေ ၉/ ၂ဝ၂ဝ


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ဆရာဝန် ဒေါက်တာနေလင်းထွေး သေဆုံးမှုအား ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ စစ်ဆေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ဆရာဝန်အဖွဲ့ တစ်ဖွဲ့ မြေပုံမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။


မြေပုံမြို့နယ်ဆရာဝန် ဒေါက်တာနေလင်းထွေး (၃၅) နှစ်အား မေလ ၈ ရက်နေ့ နံနက်က မြေပုံမြို့ သူ၏ နေအိမ် အခန်းထဲတွင် သေဆုံး၍ တွေ့ရှိခဲ့ရသည်ဟု သိရှိရသည်။


မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ သူကို မနေ့က မနက်က သူရဲ့ အခန်းထဲမှာ လက်တွေကွေးပြီး သေဆုံးနေတာကို တွေ့ရတယ်။ ခြေတွေလည်း ကွေးနေတယ်လို့ သိရတယ်။ သူရဲ့ ဆေးခန်းဖွင့်တဲ့ ကောင်လေးက မနေ့က မနက်မိုးလင်းတော့ ဆရာဝန်ဆီကိုသွားတယ်။ သူ့ကို တံခါးခေါက်တယ်။ ခေါ်လို့ မရတာကြောင့် အခန်းတံခါးတိုးဖွင့်ပြီး ဝင်ကြည့်တော့ သေနေတာကို တွေ့ရတယ်။ ဘာကြောင့် သေရတယ်ဆိုတာကိုတော့ အခု စစ်ဆေးဖို့ မြေပုံကို ဆရာဝန်အဖွဲ့ တစ်ဖွဲ့ ရောက်နေပါတယ်” ဟု ပြောကြားသည်.


 ဒေါက်တာနေလင်းထွေး သေဆုံးမှုနှင့် ပတ်သက်ပြီးပတ်သက်ပြီး မြေပုံမြို့ပေါ်တွင် သတင်းအမျိုးမျိုး ကောလဟလ ပျံ့နှံ့နေကြောင်း၊ ဆရာဝန်များ စစ်ဆေးချက်ထွက်ပေါ်လာပြီးမှ အဖြေသိရမည် ဖြစ်ကြောင်း၊ ယခုအခါ ရင်ခွဲစစ်ဆေးရန် ရသေ့တောင်၊ ပေါက်တောနှင့် မင်းပြားမြို့နယ် ဆရာဝန်များ မြေပုံမြို့သို့ ရောက်ရှိနေကြောင်း ဦးဖေသန်းက ပြောဆိုသည်။


“ အစကတော့ သူ့အလောင်းကို စစ်တွေကို ယူမယ်။ စစ်တွေမှာ ရင်ခွဲ စစ်ဆေးမယ်။ ပြီးရင် မြောက်ဦးမှာ သဂြိုလ်မယ့် အစီအစဉ်ပါ။ မနေ့ညကတော့ အစီအစဉ်ပြောင်းပြီး ပြည်နယ်ကျန်းမာရေး ဦးစီးဌာနက အဖွဲ့တစ်ဖွဲ့ကနေ မြေပုံမှာ ရင်ခွဲစစ်ဆေးမယ်။ နောက်ထပ် ဆရာဝန် သုံးဦးထပ်ရောက်မယ်။ စစ်ဆေးပြီးရင် မြေပုံမှာဘဲ သင်္ဂြိုလ်မယ်လို့ သိရပါတယ်”ဟု ဦးဖေသန်းက ပြောဆိုသည်။


ဒေါက်တာ နေလင်းထွေးမှာ မြေပုံမြို့နယ် ဆေးရုံသို့ လွန်ခဲ့သော တစ်လကျော်လောက်မှ ရသေ့တောင်ကနေ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ၏ ဇာတိမှာ စစ်တွေမြို့ ဖြစ်ကြောင်း သိရှိရသည်။


---------------------


Unicode:




နိရဉ်စရာ၊ မေ ၉/ ၂ဝ၂ဝ













ဆက်စပ် သတင်းများ