စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဗြိတိန်နိုင်ငံ လီဗာပူးမြို့တွင် ကားဗုံးခွဲမှုဖြစ်ပွားပြီး တစ်ဦးသေတစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.8k

နိရဉ္စရာ၊ နိုဝင်ဘာ ၁၅/ ၂၀၂၁ (နိုင်ငံတကာ) 

ဗြိတိန်နိုင်ငံ အနောက်မြောက်ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်သော လစ်ဗာပူးမြို့တွင် နိုဝင်ဘာ ၁၄ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး အခြား ၁ ဦး ဒဏ်ရရာရှိခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဗြိတိန် အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ၎င်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူ ၃ ဦး အား ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် ၁၁ နာရီခန့်က လီဗာပူးမြို့လယ်ခေါင်ရှိ ဆေးရုံတစ်ခုပြင်ပတွင် အငှားယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လိုက်ပါစီးနှင်းလာသည့် ခရီးသည် သေဆုံးပြီး အငှားယာဉ်မောင်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။

ဒဏ်ရာရသူအား ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ရာ အသက်အန္တရာယ်မရှိကြောင်း ဆိုသည်။

အချင်းဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးယာဉ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့က ဆေးရုံတစ်ဝိုက်တွင် သတိပေးစည်းမျဉ်းများ တားဆီးကာ ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယခုအကြိမ်ဖြစ်ပွားသည့် ကားဗုံးခွဲမှုကို အကြမ်းဖက်ဖြစ်ရပ်ဟု မသတ်မှတ်နိုင်သေးကြောင်း၊ သို့သော် သတိပြုသည့်အနေဖြင့် ဗြိတိန်အကြမ်းဖက်တိုက်ဖျက်ရေးရဲတပ်ဖွဲ့က ပါဝင် ဦးဆောင်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

လက်ရှိတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အသက် ၂၁ နှစ်မှ ၂၉ နှစ်အရွယ်အမျိုးသား ၃ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ