စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘူးဂေးရီးယားတွင် ဘတ်စ်ကားမီးလောင်၍ လူ ၄၅ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 415

နိရဉ္စရာ၊ နို၀င်ဘာ၂၄ (နိုင်ငံတကာ)

ဘူဂေးရီးယားနိုင်ငံ အနောက်ဘက်ရှိ အဝေးပြေးလမ်းမပေါ်တွင် (နိုဝင်ဘာ၂၃ ရက်) အင်္ဂါနေ့က မိုးမလင်းမီနာရီပိုင်း အလိုတွင် ဘတ်စ်ကားတစ်စင်းမီးလောင်မှုကြောင့် ကလေး ဦးအပါအ၀င် လူ ၄၅ ဦးသေဆုံးသွားခဲ့သည်ဟု နိုင်ငံတကာသတင်းများ၌ သတင်းဖော်ပြသည်။

၎င်းဘတ်စ်ကားသည် မြောက်မက်ဆီဒိုးနီးယား ခရီးသွားအများစု တင်ဆောင်လာစဉ် မြို့တော် ဆိုဖီယာမှ ကီလိုမီတာ ၄၀ အကွာ အဝေးပြေးလမ်းမပေါ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လမ်းဘေး အကာအရံ နေရာများကို ဝင်တိုက်မိခဲ့သည်ဟု  တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဘူလ်ဂေးရီးယားပြည်ထဲရေး ဝန်ကြီးဌာနက လူ ၄၅ ဦး သေဆုံးခဲ့ပြီး ယင်းသည် ဘော်လ်ကန်နိုင်ငံ၏ သမိုင်းတွင် အသေအပျောက် အများဆုံး ဘတ်စ်ကား မတော်တဆမှု ဖြစ်ကြောင်း ပြောကြားသည်။

ယာယီပြည်ထဲရေးဝန်ကြီး Boyko Rashkov က ရုပ်အလောင်းများကို ကားအတွင်းတွင် အစုလိုက်အပြုံလိုက် ပြာများအဖြစ်ထိ လောင်ကျွမ်းသွားသည် ဟု ပြောကြားခဲ့သည်။

လတ်တလောတွင် မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရှိရသေးဟု ဖော်ပြသည်။

သေဆုံးသူ ကလေး ၁၂ ဦးမှာ ၁၈ နှစ်အောက်ဖြစ်ကြပြီး ကားပေါ်တွင် လူပေါင်း ၅၂ ဦးလိုက်ပါလာခဲ့ပြီး ထိုအထဲမှ ၄၅ ဦး သေဆုံးခဲ့သည်။

လူခုနှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး ထိုအထဲတွင် အသက် ၁၆ အရွယ် မိန်းခလေးတစ်ဦး ပါဝင်သည်ဟု ဆိုသည်။

 

(  At least 45 dead, including children, after bus catches fire in Bulgaria)

ဆက်စပ် သတင်းများ