အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသူတစ်ဦးအားအတင်းဓမ္မပြုကျင့်မှုဖြင့် မဒရာဆာကျောင်းဆရာတစ်ဦး ထောင်တစ်သက်ပြစ်ဒဏ်ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.7k

နိရဉ္စရာ၊ဒီဇင်ဘာ /၂၀၂၁ (နိုင်ငံတကာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှစ်တန်းကျောင်းသူတစ်ဦးအား အတင်းဓမ္မပြုကျင့်မှုကြောင့် မဒရာဆာ ဘာသာရေးစာသင်ကျောင်းဆရာတစ်ဦးကို ထောင်တစ်သက်ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု Dhaka Tribune တွင် သတင်းရေးသား ဖော်ပြသည်။ 

၎င်းဖြစ်ရပ်သည် လွန်ခဲ့သည့် ၂နှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဂုနခရိုင်၊ ဘာဂုနမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

ခရိုင်အမျိုးသမီးနှင့် ကလေးသူငယ် ဖိနှိပ်မှု တားဆီးကာကွယ်ရေး ခုံရုံး တရားသူကြီး ဟာဖဇူရ် ရာဟာမန် ( Hafizur Rahman)က အင်္ဂါနေ့တွင် ၎င်းအမိန့်ကိုချမှတ်ခဲ့သည်ဟုသတင်းတွင် ဖော်ပြသည်။

ဘာဂုနမြို့နယ် ဖူဂျာဟူရီတိုက်နယ်မှ အသက် ၃၀ နှစ်အရွယ် ပြစ်မှုကျူးလွန်သူ မဒရာဆာ ကျောင်းဆရာ ဆိုင်ဖုလ်အစ္စလာမ်ကို ဒဏ်ငွေလည်း တာကာ ၂၀၀၀၀ လည်းရိုက်ခဲ့သည်။

တခြားတရားခံနှစ်ဦးဖြစ်သည့် Khalilနှင့် Rashida Baig တို့ကို တရားရုံးက တရားသေလွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ပါဝင်ပတ်သက်မှုကို မတွေ့ရှိရဟု ဆိုသည်။

ဘာဂုန မြို့နယ်  Keorabunia တိုက်နယ်ရှိ Dakhilမဒရာဆာ ဘာသာရေးကျောင်းတွင် သူမသည် ကျောင်းတက်နေစဉ် ၎င်းဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု  တရားစွဲရှေ့နေ Mahbubul Bari Aslam က ၎င်းအမှုကို ကိုးကားပြီး ပြောကြားသည်။

၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့က ပြစ်မှုကျူးလွန်သူ ကျောင်းဆရာဆိုင်ဖုလ်အစ္စလာမ်သည် ၎င်းကျောင်းသူအား လမ်းညွှန်စာအုပ်ပေးမည်ဟုဆိုကာ မဒရာဆာကျောင်း၏ အခန်းလွတ်တစ်ခုသို့ ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုသည်။

မိန်းခလေးမှာအခင်းဖြစ်ရာကနေ ထွက်ပြေးသွားပြီးနောက်အပြင်းဖျားခဲ့သည်ဟု ဆိုသည်။

၎င်းနောက် ကျောင်းဆရာအပါအဝင် လူသုံးဦးအား မိန်းခလေး၏ ဖခင်ဖြစ်သူက ရဲစခန်းတွင် တိုင်ကြားအမှုဖွင့် ခဲ့သည်။ ၎င်းနောက် ဘင်္ဂလားဒေ့ရှ် အထူးမှုခင်း နှိမ်နှင်းရေး ရဲတပ်ဖွဲ့ ( RAB) က ကျောင်းဆရာအပါအဝင် လူသုံးဦးအား ဖမ်းဆီးခဲ့သည်။

Barguna madrasa teacher gets life sentence for raping student

ဆက်စပ် သတင်းများ