သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သား ၁၃၅၁ ဦးသေဆုံးဟု ရုရှားကပြော၊ နေတိုးက ရုရှားစစ်သားသေဆုံးမှု ၇၀၀၀ ကနေ ၁၅၀၀၀ ရှိကြောင်း ခန့်မှန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.6k

နိရဉ္စရာ၊ မတ်လ ၂၆/ ၂၀၂၂ (နိုင်ငံတကာ)

လေးပတ်ကြာလာပြီ ဖြစ်သော ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သား ၁၃၅၀ ဦးသေဆုံးပြီး ၃၈၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားစစ်ဘက်ဆိုင်ရာက သတင်းထုတ်ပြန်သည်။

ရုရှားဗိုလ်မှူးကြီး ဆာဂေး ရုဒ်စွိုင်းက သောကြာနေ့တွင် အသေအပျောက်နှင့် ဒဏ်ရာရရရှိသူ အရေအတွက်ကို ထုတ်ဖော်ြောကြားခဲ့သည်ဟု The Hindustan Times က မတ် ၂၅ ရက်က သတင်းဖော်ပြသည်။

ယူကရိန်းတွင် ဖြစ်ပွားနေသည့် ရုရှားကျူးကျော်စစ် လေးပတ်ကြာ စစ်ပွဲအတွင်း ရုရှားစစ်သား ၇,၀၀၀ မှ ၁၅,၀၀၀ အထိ သေဆုံးခဲ့သည်ဟု  နေတိုးက မတ် ၂၃ ရက်က ခန့်မှန်းထားသည်။

ရုရှား၏ ထုတ်ပြန်သည့် စာရင်းထဲတွင် ယူကရိန်း အရှေ့ပိုင်းတွင် တိုက်ခိုက်နေသည့်  မော်စကို ကျောထောက် နောက်ခံပြုထားသော  ခွဲထွက်ရေး သူပုန်များ ပါဝင်နေပုံ မပေါ်ဘဲ ရုရှားနိုင်ငံက အမျိုးသားအစောင့်တပ်ကဲ့သို့သော ကာကွယ်ရေး ဝန်ကြီးဌာန၏ အစိတ်အပိုင်းမဟုတ်သည့် ရုရှားတပ်ဖွဲ့ဝင်များအား အသေအပျောက် စာရင်းသွင်းခဲ့ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးဟု သတင်းတွင် ဖော်ပြသည်။

Russia says 1,351 soldiers died in Ukraine

ဆက်စပ် သတင်းများ