ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘောတစ်စီး ကာလကတ္တားဆိပ်ကမ်းတွင် နစ်မြုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 2.6k

နိရဉ္စရာ၊ မတ် ၂၆ (နိုင်ငံတကာ)

ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘောတစ်စီးသည် အိန္ဒိယနိုင်ငံ ကာလကတ္တားဆိပ်ကမ်းတွင် ကြာသပတေးနေ့ကနစ်မြုပ်သွားခဲ့သည်ဟု သတင်းရရှိသည်။

သင်္ဘောအမည် Marintrust 01ဟု အမည်ပေးထားသည့် ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘောသည် အိန္ဒိယနိုင်ငံ ကာလကတ္တားရှိ Shyamaprasad Mukherji ဆိပ်ကမ်းတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

၎င်းသင်္ဘောသည် ကြာသပတေးနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အလုပ်ပြီးဆုံးပြီး သောကြာနေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သော်လည်း ကာလကတ္တားဆိပ်ကမ်းတွင် နစ်မြုပ်သွားခဲ့သည်ဟု   United News of India က ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ်တွင် ထိခိုက်သေဆုံးမှု သတင်းများ မရှိခဲ့ု သတင်းတွင် ရေးသားထားသည်။

သင်္ဘောပေါ်တွင် ကွန်တိန်နာ ၁၆၅ လုံးပါရှိကြောင်း အခြားအိန္ဒိယသတင်းဌာန Zee News က ဖော်ပြသည်။

သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းကို ချက်ချင်း မသိရသေးဟု ဆိုသည်။

အခင်းဖြစ်ပွားမှုတွင် ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် ဖြစ်နိုင်သမျှ အစီအမံအားလုံးကို လုပ်ဆောင်ခဲ့ကြောင်း သင်္ဘောပေါ်ရှိ ကွန်တိန်နာများကို ကယ်ဆယ်နိုင်ရေးအတွက် ဂိတ်အော်ပရေတာများနှင့် ချိတ်ဆက်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

(Bangladeshi cargo vessel sinks at Kolkata port/ The Dhaka Tribune)

ဆက်စပ် သတင်းများ