သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တောင်အာဖရိကတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၄၄၃ ဦးအထိ မြင့်တက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 7k

နိရဉ္စရာ၊ ဧပြီ ၁၈ ရက် (နိုင်ငံတကာ)

 

တောင်အာဖရိကနိုင်ငံ မကြာသေးမီရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၄၄၀ ကျော် သေဆုံးခဲ့သည့် ရေကြီးမှုနှင့် ရွှံ့မြေပြိုမှုများကြောင့် ပျောက်ဆုံးနေသူ ဒါဇင်ပေါင်းများစွာ ရှိနေသည် ရိုက်တာ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

 

ကယ်ဆယ်ရေးသမားများက ပျောက်ဆုံးနေသူများကို တနင်္ဂနွေနေ့တွင် ရှာဖွေခဲ့ကြသည်။

 

၎င်းရေကြီးမှုမှာ တောင်အာဖရိက နိုင်ငံ KwaZulu-Natal (KZN) ပြည်နယ်တွင် ကြာသေးမီ ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် ရွှံ့မြေပြိုမှုများကြောင့် သေဆုံးခဲ့ကြခြင်းဖြစ်သည်။

 

ရေကြီးမှုကြောင့် လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လျှပ်စစ်နှင့် ရေဝန်ဆောင်မှုများ ပြတ်တောက်ကာ အာဖရိက၏ အလုပ်အများဆုံး ဆိပ်ကမ်းတစ်ခုဖြစ်သည့် Durban တွင် လုပ်ငန်းများ ပြတ်တောက်ခဲ့သည်ဟု သိရသည်။

 

ြည်နယ်စီးပွားရေး အရာရှိတစ်ဦး၏ ခန့်မှန်းချက်အရ အခြေခံအဆောက်အအုံ အလုံးစုံ ပျက်စီးမှုမှာ အမေရိကန်ဒေါ်လာ ၆၈၄ ဒသမ သန်းရှိကြောင်း သေဆုံးသူဦးရေမှာ ၄၄၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်း၊  နောက်ထပ် ၆၃ ဦး စာရင်းမသွင်းရသေးကြောင်း  ပြည်နယ်ဝန်ကြီးချုပ် Sihle Zikalala က ပြောကြားခဲ့သည်။

 

အဆိုးရွားဆုံး မုန်တိုင်းဒဏ်ခံ ဒေသအချို့တွင် တနင်္ဂနွေနေ့ မိုးပိုလာမည်ကို ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဆိုသည်။

ဆက်စပ် သတင်းများ