ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အငြင်းပွားကက်ရှ်မီးယားတွင် ယခုနှစ်အတွင်း အိန္ဒိယတပ်ဖွဲ့က နိုင်ငံခြားသား ၁၅ဦးအပါအဝင် စစ်သွေးကြွ ၆၂ ဦးကိုသုတ်သင်ခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 2.4k

နိရဉ္စရာ၊ မေ ၂/ ၂၀၂၂ (နိုင်ငံတကာ)

ယခုနှစ်အတွင်း အငြင်းပွားနေသော ဂျမှုး နှင့် Kashmir ဒေသတွင် နိုင်ငံခြားသား ၁၅ ဦးအပါအဝင် စစ်သွေးကြွ ၆၂ ဦးကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များက သုတ်သင်သတ်ဖြတ်ခဲ့ကြောင်း အကြီးတန်းရဲ အရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့က သူပိုင်ကိုယ်ပိုင် အငြင်းပွားနေသော  ကက်ရှ်မီးယားကို  ၎င်းတို့ နှစ်နိုင်ငံက တစ်နိုင်ငံ တစ်ပိုင်းစီအုပ်ချုပ်နေပြီး  နယူးဒေလီကို လက်နက်ကိုင်ပုန်ကန်သည့် နေရာအဖြစ် ကက်ရှ်မီးယားသည် ကာလကြာရှည်စွာ ရပ်တည်ခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်ကြား စစ်ပွဲသုံးကြိမ်အနက် နှစ်ခုသည် ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သည်။

အိန္ဒိယ တပ်ဖွဲ့လက်ချက်ဖြင့် ၂၀၂၁ ခုနှစ်တွင် စစ်သွေးကြွ ၁၉၃ ဦး သေဆုံးခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ၂၃၂ ဦး သေဆုံးခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

အစ္စလာမ္မစ် စစ်သွေးကြွအုပ်စုများသည် ၎င်းတို့၏ အခြေစိုက်စခန်းများ ကက်ရှ်မီးယားတွင် တိုးချဲ့နေပြီး  ပါကစ္စတန်သည် လွတ်လပ်ရေး လိုချင်သော စစ်သွေးကြွအုပ်စုများကို ရန်ပုံငွေ ထောက်ပံ့နေသည်ဟု အိန္ဒိယက စွပ်စွဲထားပြီး အစ္စလာမ်မာဘတ်ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားသည်။

မကြာသေးမီနှစ်များအတွင်းက ကက်ရှ်မီးယားတွင် အိန္ဒိယအာဏာပိုင်များကို တိုက်ခိုက်ရန် လူစုဆောင်းလေ့ကျင့်ပေးခဲ့သည်ဟု စွပ်စွဲခံထားရသည့် Lashkar-e-Taiba စစ်သွေးကြွအချို့နှင့် ပါကစ္စတန်သည် ဆက်စပ်မှုရှိနေကြောင်း ပြည်နယ်ရဲမှူး Vijay Kumar က ပြောကြားခဲ့သည်။

၂၀၁၉  ခုနှစ်အတွင်း အိန္ဒိယ ကက်ရှ် မီးယားတွင် လုံခြုံရေးတပ်ဖွဲ့များကို အသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ခုအတွက် တာဝန်ယူခဲ့သည့် ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအဖွဲ့ Jaish-e-Mohammad နှင့် ချိတ်ဆက်ထားသော စစ်သွေးကြွ ၁၅ ဦးသည် စစ်ဆင်ရေး ဆက်တိုက်တွင် သေဆုံးသွားသူများထဲတွင် ပါဝင်ကြောင်း Kumar မှ ပြောကြားခဲ့သည်။

ဟိမဝန္တာဒေသတွင်ရှိသည့်  ကက်ရှ်မီးယားပြည်နယ်ကို အိန္ဒိယကရော ပါကစ္စတန်ကပါ သူတို့ အပြည့်အဝ ပိုင်ဆိုင်ထားသည်ဟု ပြောဆိုနေကြပြီး အိန္ဒိယအစိုးရ အုပ်ချုပ်သည့်  ဂျမူးနှင့်  ကက်ရှ်မီးယား ပြည်နယ်ဘက် အခြမ်းမှာ အိန္ဒိယ အစိုးရကို ဆန့်ကျင်သည့်  ခွဲထွက်ရေး ပုန်ကန်ထကြွမှုကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေသည်မှာ  နှစ်ပေါင်း ၃၀ ခန့် ရှိနေပြီဟု သိရသည်။

Ref: Indian forces kill 62 militants this year in disputed Kashmir

ဆက်စပ် သတင်းများ