စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျူးဘားမြို့တော် ဟာဗားနားတွင် ဟိုတယ်ပေါက်ကွဲမှုဖြစ်၍ လူ ၈ ဦးထက် မနည်းသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 2.5k

နိရဉ္စရာ၊ မေ ၈/ ၂၀၂၂ ( နိုင်ငံတကာ)

ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် မေ ၆ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူ ၈ ဦးထက်မနည်းသေဆုံးပြီး အခြား ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင်သတင်းရင်းမြစ်များကို ကိုးကားပြီး ဆင်ဟွာက သတင်းဖော်ပြထားသည်။

“ လူ ၈ ဦး သေဆုံးပြီး ၃၀ ခန့် ဆေးရုံတင်ထားရပါတယ်” ဟု ကျူးဘား သမ္မတရုံးက မေ ၆ ရက်က တွစ်တာပေါ်၌ ရေးသားထားသည်။

ပေါက်ကွဲမှုသည် ဟိုတယ် Saratoga ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ကြောင်း ကျူးဘား သမ္မတရုံးအရ ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားလွှတ်တော်အဆောက်အအုံအနီးရှိ ကြယ်ငါးပွင့်အဆင့်ရှိသော အဆိုပါဟိုတယ်မှာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းပြန်လည်နိုးထရေး တစ်စိတ် တစ်ပိုင်းအဖြစ် လာမည့်ရက်အနည်းငယ်အတွင်း ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်ဟုဆိုသည်။

နိုင်ငံပိုင် မီဒီယာဖြစ်သော Cubadebate မှ မျှဝေထားသော လူမှုမီဒီယာ သတင်းများအရ ပေါက်ကွဲမှုသည် ဓာတ်ငွေ့ရည်ဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူအမြောက်အများသည် ဆေးရုံရှိ ဒဏ်ရာရရှိသူများအတွက် သွေးလှူရန် ကမ်းလှမ်းထားကြသည် ဟု သိရသည်။

At least 8 killed in Havana hotel explosion (Xinhua)

ဆက်စပ် သတင်းများ