ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မေလ ၂၀ရက်မှစ၍ (၆၅) ရက်ကြာ ဘင်္ဂလားအော်တွင် ငါးဖမ်းခြင်းမပြုရအမိန့် ဘင်္ဂလားဒေ့ရှ်အစိုးရထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 594

ငါးမျိုးထိန်းသိမ်းရန် နှင့် သားပေါက်မှုကို အားပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရသည် လာမည့် မေလ ၂၀ရက်မှ ဇူလိုင်လ ၂၃ ရက်နေ့အထိ ၆၅ရက်အတွင်း ဘင်္ဂလားပင်လယ်အော်ရှိသူ့နိုင်ငံ ရေပြင်ပိုင်နက်အတွင်ငါးဖမ်းခြင်း မပြုကြရန် အမိန့်တစ်ရပ် ထုတ်ပြန်လိုက်သည်။


မွေးမြူရေး နှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက အဆိုပါအမိန့်ကြေညာချက်ကို
ကြာသပတေးနေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

တားမြစ်ချက်တွင် ငါးဖမ်းလှေအမျိုးအစားအားလုံး အကြုံးဝင်သည်ဟု ဆိုသည်။

 

နိုင်ငံ၏ ရေပြင်တွင် စဉ်ဆက်မပြတ်ငါးဖမ်းလုပ်ငန်းတည်တံ့နေစေရေး၊ ငါးသယံဇာတ ပေါက်ဖွားမှု၊ ထုတ်လုပ်မှု နှင့် ထိန်းသိမ်းမှုများဆောင်ရွက်ရေးအတွက် ရည်ရွယ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

ကမ္ဘာ့ပင်လယ်ကမ်းရိုးတန်းနိုင်ငံများအားလုံး ငါးများ သားဖောက်ရာသီတွင် နှစ်လ သို့မဟုတ် သုံးလ ငါးဖမ်းခြင်းမပြုဘဲ မိခင်ငါးများအတွက် အန္တရာယ်ကင်းသော ပတ်ဝန်းကျင် ဖြစ်စေရန် တားမြစ်လေ့ရှိကြသည်။

NN-27

Ref:65-day ban on fishing in Bay of Bengal to start on May 20/ Dhaka Tribune

ဆက်စပ် သတင်းများ