သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အင်ဒိုနီးရှား ဆက်သွယ်ရေးဝန်ကြီး လာဘ်စားမှုဖြင့် ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 576

အင်ဒိုနီးရှား အာဏာပိုင်များသည် နိုင်ငံတော်ဘဏ္ဍာ ဘီလျံဝက်ကျော်ကို အလွဲသုံးစားပြုလုပ်ခဲ့သည့် ထိပ်တန်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးကို ယနေ့ ဖမ်းဆီးလိုက်သည်ဟု သိရသည်။

သမ္မတ ဂျိုကို ဝီဒိုဒို အစိုးရအဖွဲ့တွင် ပဉ္စမမြောက် ဝန်ကြီးဖြစ်သူ ဂျော်နီ ဂျီပလိတ် အား အကျင့်ပျက် ခြစားမှုဖြင့် စွဲချက်တင်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်ကလည်း လူမှုရေးဝန်ကြီး နှင့် ငါးလုပ်ငန်း ဝန်ကြီးတို့ကို အကျင့်ပျက် လာဘ်စားမှုဖြင့် အစိုးရက ဖမ်းဆီးထောင်ချခဲ့သည်။

 

ဆက်သွယ်ရေးဝန်ကြီး ဂျော်နီသည် ၂၀၂၀ ပြည့်နှစ်က အင်ဒိုနီးရှားကျေးရွာအားလုံး အင်တာနက် ရရှိရမည်ဟု ဆိုကာ ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ရာတွင် လိုအပ်သော ပစ္စည်းကိရိယာများ ဝယ်ယူမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဥပဒေအကျိုးဆောင်ချုပ်ရုံးက ပြောကြားသည်။

 

နိုင်ငံတော် ဘတ်ဂျက်သုံးစွဲသူ ဝန်ကြီးတစ်ဦးအနေနဲ့ သူ့ကို ဖမ်းဆီးလိုက်တာပါ။ သူဟာ အင်ဒိုနီးရှား အစိုးရရဲ့ အကျင့်ပျက်မှုတိုက်ဖျက်ရေး ဥပဒေကို ချိုးဖောက်ခဲ့ပါတယ်ဟု အင်ဒို ဥပဒေ အကျိုးဆောင်ချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

အင်ဒိုနီးရှား ဥပဒေအကျိုးဆောင်ချုပ်ရုံး၏ ခန့်မှန်းချက်အရ နိုင်ငံတော်က နစ်နာဆုံးရှုံးသွားသည့် ပမဏမှာ ရူးပီးယား ၈ ထရီလျံ( အမေရိကန် ဒေါ်လာ ၅၄၄သန်း) ရှိသည်ဟု ဆိုသည်။

 

NN-27

 ref:CNA

ဆက်စပ် သတင်းများ