ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဓါးထိုးမှုနှင့်ပစ်ခတ်မှုကြောင့် ဂျပန်တွင် လူလေးဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 551

ဂျပန်နိုင်ငံနာဂါနိုခရိုင်၊ နာကာနိုတွင် ကြာသပတေးနေ့ မွန်းလွဲပိုင်းက ဓါးထိုးမှုနှင့်ပစ်ခတ်မှုဖြစ်ပွါးခဲ့ရာ လူလေးဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။

 ရဲများနှင့် ၁၂ နာရီကြာ အခြေအနေတင်းမာနေခဲ့ပြီးနောက် အသက်(၃၁) နှစ်အရွယ်ရှိ ဂျပန်အမျိုးသားတရားခံကို နာကာနိုနေအိမ်တွင် သောကြာနေ့ နံနက် ၄:၃၀ နာရီက ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

 

နာကာနို မြို့တော်ကောင်စီဥက္ကဋ္ဌ၏ သားဖြစ်သူသည် အမျိုးသမီးတစ်ဦးကို ဓါးဖြင့်ထိုးပြီးနောက် အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိလာသည့် ရဲနှစ်ဦးကို ပစ်သတ်ခဲ့သည်။

 

ထို့နောက် ဖခင်ဖြစ်သူ၏ နေအိမ်ထဲတွင် ပုန်းအောင်းကာ အဖမ်းမခံဘဲအာခံနေခဲ့သည်။

 

အမျိုးသမီးနှင့် ရဲနှစ်ဦးကို ဆေးရုံပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားသည်။

 

အခြားအမျိုးသမီးကြီးတစ်ဦးကိုလည်း ခြံဝင်းတွင် လဲကျသေဆုံးလျှက်တွေ့ရှိရသည်ဟု သတင်းတွင် ဖော်ပြသည်။

 

သေနတ်သမားသည် ပြောက်ကျားအင်္ကျီ ဝတ်ဆင်ထားပြီး အမဲလိုက်သေနတ်ကို ကိုင်ဆောင်ထားသည်။

 

လက်နက်ကိုင်ဆောင်ခွင့် အထူးတင်းကျပ်ထားသော ဂျပန်နိုင်ငံတွင် ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုမျိုးမှာ အလွန်ရှားပါးသော ဖြစ်ရပ် ဖြစ်သည်။ မည်သည့်အတွက်ကြောင့် ဓါးထိုးမှု နှင့် သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သည်ကိုမူ ယခုချိန်ထိ မသိရှိရသေးဟု ဆိုသည်။

 

NN-27

 ref: BK Post

------------

ဆက်စပ် သတင်းများ