ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကိုးရီးယားလေကြောင်းလိုင်း Asiana လေယာဉ်ပျံသန်းနေစဉ် အရေးပေါ်တံခါး ဆွဲဖွင့်မှုဖြစ်ပွား၍ ခရီးသည်အချို့ ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 448

လေယာဉ်ပျံသန်းနေစဉ် လူတစ်ဦးက အရေးပေါ် လေယာဉ်တံခါးကို ဆွဲဖွင့်ခဲ့မှု ကိုးရီးယားလေကြောင်းလိုင်း Asiana လေယာဉ်ပေါ်တွင် သောကြာနေ့u ဖြစ်ပွါးခဲ့ပြီးခရီးသည်အချို့ ဒဏ်ရာရရှိသွားခဲ့သည်။


ထိုသို့ အရေးပေါ်တံခါးဆွဲဖွင့်ခဲ့သဖြင့် လေယာဉ်ပေါ် ရုတ်ရုတ်သည်းသည်း ဖြစ်ပွါးပြီး ခရီးသည် ၉ ဦး အသက်ရှူကျပ်ကာ သတိလစ်မေ့မျောသွားသည်ဟု သိရသည်။

 

 Asiana ကိုးရီးယားလေယာဉ်သည် ဒေဂူးလေဆိပ်သို့ ဆင်းသက်နေစဉ် ၂၁၃ မီတာ(ပေ ၇၀၀ခန့်) အရောက်တွင် ရုတ်တရက်အရေးပေါ်တံခါးပွင့်သွားသဖြင့် ပြင်ပလေများ လေယာဉ်တွင်းတိုးဝင်ပြီး ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့သည်။

 

ကံအားလျော်စွာ လေယာဉ်မှာ ဘေးကင်းစွာဖြင့် ဆင်းသက်နိုင်ခဲ့သည်။ လေယာဉ်အရေးပေါ်တံခါးကို ဆွဲဖွင့်ခဲ့သူအား လေဆိပ်အရောက်တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

 

ကိုးရီးယား လေကြောင်းလေယာဉ်လုံခြုံရေးဌာန အရာရှိဟောင်း ဂျင်ဆောင်ဟွန်းက ယခုကဲ့သို့ ဖြစ်ရပ်မျိုး ယခင်က တစ်ခါမှ မဖြစ်ပွါးဖူးဟု ဆိုသည်။

 

 ရဲများ၏ စစ်ဆေးမေးမြန်းချက်အရ တခါးဆွဲဖွင့်သူမှာ အသက် ၃၀ ဝန်းကျင်ရှိ ကိုးရီးယား အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ စိတ်များမသက်မသာဖြစ်လာ၍ တခါးကိုဆွဲဖွင့်မိခြင်းဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါ ပုဂ္ဂိုလ်မှာ မကြာသေးခင်က အလုပ်ပြုတ်ထားသူတစ်ဦးဟုလည်း သိရသည်။

                                                                                                                                            

ယခုကဲ့သို့ လေယာဉ်အရေးပေါ်တခါးကို ခွင့်ပြုချက်မရှိဘဲ ဖွင့်သည့်အတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သည်ဟု ဆိုသည်။

 

NN-27

 Ref:Strait Times

ဆက်စပ် သတင်းများ