တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဂါဘွန်တွင် သမ္မတကို ဖမ်းပြီး စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 534

(ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ဟု ကြေညာ)

အာဖရိကအနောက်ပိုင်း ဂါဘွန်နိုင်ငံတွင် အင်္ဂါနေ့ကလက်ရှိသမ္မတ အလီဘွန်ဂိုကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီးနောက် စစ်တပ်က နိုင်ငံ့အာဏာအရပ်ရပ်ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရုပ်မြင်သံကြားမှ တစ်ဆင့် နိုင်ငံသို့ ကြေညာခဲ့သည်။

 

ဂါဘွန်ရုပ်မြင်သံကြားပေါ်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်များ၏ ရုပ်ပုံများပေါ်ထွက်လာပြီးနောက် သမ္မတအလီဘွန်ဂိုအား နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးလိုက်ကြောင်း နှင့် စစ်တပ်က အာဏာ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

 

အလားတူ ပြီးခဲ့သည့် စနေနေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်များကိုလည်း ပယ်ဖျက်လိုက်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

 

အဆိုပါရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အလီဘွန်ဂို က အနိုင်ရခဲ့သည်။



 

ဂါဘွန်နိုင်ငံ၏ နိုင်ငံတော်အဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းကြောင်း နှင့် နယ်စပ်အားလုံးကို ပိတ်ထားလိုက်ပြီဟုလည်း ကြေညာခဲ့သည်။ နောက်တစ်ကြိမ်တွင် ကြားကာလအစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် သမ္မတအစောင့်တပ်ခေါင်းဆောင်ကို တင်မြှောက်ကြောင်း ထပ်မံကြေညာခဲ့သည်။

 

ယခုကဲ့သို့ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းဖြင့် သယံဇာတ ပေါကြွယ်ဝသော အနောက်အာဖရိက ဂါဘွန်နိုင်ငံကို ၅၆ နှစ်ကြာ မိသားစုစဉ်ဆက် လွှမ်းမိုးလာခဲ့သည့် အလီဘွန်ဂို၏ အာဏာ နိဂုံးချုပ်သွားပြီ ဖြစ်သည်။

 

ယခုအာဏာသိမ်းပိုက်မှုမှာ အာဖရိကရှိ ပြင်သစ်ကိုလိုနီဟောင်းနိုင်ငံများတွင် ဖြစ်ပွါးခဲ့သည့် ရှစ်ကြိမ်မြောက် အာဏာသိမ်းပိုက်မှုဖြစ်သည်။

 

စစ်တပ်က အာဏာသိမ်းကြောင်း ကြေညာလိုက်ပြီးနောက် ဂါဘွန်မြို့တော် လစ်ဘရီဗီးလ် လမ်းမများပေါ်သို့ ပြည်သူများထွက်လာပြီး အောင်ပွဲခံနေသည်ကို မြင်တွေ့ရသည်။

 

NN-27

 ref:Reuters

ဆက်စပ် သတင်းများ