တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အိန္ဒိယတွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်မည် မဟုတ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 543

လာမည့်အပတ်အတွင်း အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်မည်မဟုတ်ဘဲ ၄င်းအစား ဝန်ကြီးချုပ် လီကျန်းသာ တက်ရောက်လိမ့်မည်ဟု တရုတ်နိုင်ငံရှိ အိန္ဒိယသံတမန်တစ်ဦးက ပြောကြားသည်။

G20 နိုင်ငံများ ထိပ်သီးအစည်းအဝေးကို လာမည့် စက်တင်ဘာ(၉)ရက်နှင့် (၁၀)ရက်နေ့များတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပပြုလုပ်မည်ဟု သိရသည်

အဆိုပါထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်မည်ဖြစ်ပြီး သမ္မတ ရှီကျင့်ဖျင် တက်ရောက်လာမည်ဆိုပါက အမေရိကန် နှင့် တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြားဖြစ်ပေါ်နေသော ကုန်သွယ်ရေး နှင့် ပထဝီနိုင်ငံရေး တင်းမာမှုများကို ဖြေလျှော့နိုင်မည်ဟု မျှော်လင့်နေကြသည်။

ရှီကျင့်ဖျင် နှင့် ဘိုင်ဒင်တို့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင်ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၌ နောက်ဆုံးတွေ့ဆုံခဲ့ကြသည်။

ရုရှားသမ္မတ ပူတင်ကလည်း အဆိုပါအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ကြောင်း ကြေညာထားပြီး ၄င်းအစား နိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာဗရော့ဗ် တက်ရောက်မည်ဟု ဆိုသည်။

 တတိယသက်တမ်း တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပြည်ပခရီးစဉ်များ သွားလေ့မရှိတော့ပေ။

သို့သော် ပြီးခဲ့သည့်အပတ်က တောင်အာဖရိကနိုင်ငံတွင် ကျင်းပခဲ့သည့် BRICS စီးပွါးရေးဖွံ့ဖြိုးလာသည့် နိုင်ငံကြီးများ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

BRICS တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံများ ပါဝင်သည်။ အဆိုပါထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ်ရေးရာပြဿနာများကို ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

 

NN-27

Ref:CAN

ဆက်စပ် သတင်းများ