တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဆော်ဒီအာရေဗျ နှင့် ရုရှား ရေနံထုတ်လုပ်မှု ဆက်လက်လျှော့ချသွားမည်ဟုပြောဆိုလိုက်ပြီးနောက် ရေနံစိမ်းစျေးနှုန်း ၁၀လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 633

ဆော်ဒီအာရေဗျ နှင့် ရုရှားတို့က ယခုနှစ်ကုန်အထိ ရေနံထုတ်လုပ်မှု ဆက်လက်လျှော့ချသွားမည်ဟု အင်္ဂါနေ့က ပြောကြားလိုက်ပြီးနောက် ကမ္ဘာ့ရေနံစျေးကွက်တွင် ရေနံစိမ်းစျေးနှုန်း ၁၀လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လမှ စ၍ တစ်နေ့ ရေနံစိမ်းစည် တစ်သန်း လျှောချထုတ်လုပ်လာခဲ့သော ဆော်ဒီအာရေဗျအနေဖြင့် လာမည့်သုံးလ (၂၀၂၃၊ဒီဇင်ဘာလကုန်အထိ) ကာလအထိ ထုတ်လုပ်မှုကို ဆက်လက်လျှော့ချထုတ်သွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနက ကြေညာခဲ့သည်။

 

ရုရှားနိုင်ငံကလည်း ၄င်း၏ တစ်နေ့ လျှင် ရေနံစိမ်းစည် ၃၀၀၀၀၀ ထုတ်လုပ်မှုနေမှုကို အဆိုပါကာလအထိ ဆက်လက် လျှော့ချသွားမည်ဟု ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက်က ကြေညာခဲ့သည်။

 

အဆိုပါသတင်းများကြောင့် ရေနံစိမ်းစျေးနှုန်းမှာ နိုဝင်ဘာလ နောက်ပိုင်း အမြင့်ဆုံးအဖြစ် တစ်စည်လျှင် ဒေါ်လာ ၉၀ အထိ ရောက်ရှိလာခဲ့သည်။



 

ကမ္ဘာပေါ်တွင် ရေနံစိမ်းအများဆုံး ထုတ်လုပ်တင်ပို့သည့် ဆော်ဒီအာရေဗျသည် ၂၃နိုင်ငံပါဝင်သော ရေနံထုတ်လုပ်တင်ပို့သောနိုင်ငံများ နှင့် မဟာမိတ် (OPEC+ Alliance) အဖွဲ့၏ ဇွန်လအစည်းအဝေးပြီးကတည်းက ထုတ်လုပ်မှုကို လျှော့ချခဲ့သည်။ အဆိုပါအဖွဲ့တွင် ရုရှားကလည်း ပါဝင်သည်။

 

 ဩဂုတ်လအစောပိုင်းက ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် လျှော့ချထုတ်လုပ်မှုကို စက်တင်ဘာလ နှင့် နောက်ပိုင်းအထိပြုလုပ်မည်ဟုသာ ပါဝင်ခဲ့သော်လည်း ယခုကြေညာချက်အရ ယခုနှစ်ကုန်အထိ လျှော့ချရန်သေချာသွားပြီဖြစ်သည်။

 

ထုတ်လုပ်မှု ဆက်လက်လျှော့ချရေး သို့မဟုတ် တိုးမြှင့်ထုတ်လုပ်ရေးကို လစဉ်သုံးသပ်ပြီး ဆုံးဖြတ်သွားမည်ဟု ဆော်ဒီစွမ်းအင်ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 

အိုပက်နှင့် မဟာမိတ်နိုင်ငံများအဖွဲ့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ ရေနံထုတ်လုပ်မှုကို တစ်နေ့ စည် ၂ သန်းထိ လျှော့ချရန် ဆုံးဖြတ်ခဲ့ကြသည်။

 

အဆိုပါဆုံးဖြတ်ချက်ကြောင့် အမေရိကန်ပြည်ထောင်စုက လုံခြုံရေးမိတ်ဖက် ဆော်ဒီအာရေဗျအား (ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်က ပါဝင်ရပ်တည်မှုအတွက်) ဒေါသပေါက်ကွဲခဲ့ရသည်။

 

NN-27

ref:the daily star/ Photo: CNN

ဆက်စပ် သတင်းများ