- Web Master
- ၀၈ ဧပြီ ၂၀၂၄
ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက် က အစိုးရအဖွဲ့အပြောင်းအလဲတစ်ရပ်ကို တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့ရာ ပြည်ထဲရေးဝန်ကြီး ဆူးလာဘရေ့ဗာမင်းမှာ ဖယ်ရှားခံလိုက်ရပြီး ယခင် ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန် ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးလိုက်သည်ဟု သိရှိရသည်။
ဆန္ဒပြသူများအား ကိုင်တွယ်ရာတွင် ဘက်လိုက်မှုရှိသည်ဟုဆိုသော ပြည်ထဲရေးဝန်ကြီး ဆူးလာ ဘရေ့ဗားမင်းနေရာကို နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလီဗာလီ နှင့်အစားထိုးလိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် အစိုးရအဖွဲ့အတွင်း ပြန်လည်ရောက်ရှိလာသော ဒေးဗစ် ကင်မရွန်က ယခုလို ခက်ခဲသောအချိန်ကာလတွင် ဝန်ကြီးချုပ် ဆူနက်အား ထောက်ခံအားပေးသွားမည်ဟု ပြောကြားလိုက်သည်။
ဒေးဗစ် ကင်မရွန် က ယခုလို အရှေ့အလယ်ပိုင်း နှင့် ယူကရိန်းကဲ့သို့ အရေးကြီးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် သူ၏အတွေ့အကြုံများက ဝန်ကြီးချုပ် ဆူနက်အစိုးရအဖွဲ့ကို အကူအညီပေးနိုင်လိမ့်မည်ဟု ဆိုသည်။
တနင်္လာနေ့က စတင်ပြုလုပ်ခဲ့သော အစိုးရအဖွဲ့ရာထူးရွှေ့ပြောင်းမှုတွင် ပြည်ထဲရေးဝန်ကြီး မစ္စ ဘရေ့ဗာမင်းသည် လန်ဒန်ရဲများက ပါလက်စတိုင်းလိုလားသော ဆန္ဒပြသူများအား ကိုင်တွယ်ရာတွင် ဘက်လိုက်မှုရှိခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆူနက်က ပြန်လည်ခန့်အပ်ကာ အစိုးရအဖွဲ့အတွင်း ထည့်သွင်းလိုက်ခြင်းမှာ အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
ဒေးဗစ် ကင်မရွန်သည် ၂၀၁၆ ခုနှစ်က ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်မှာ ဗြိတိန်က နှုတ်ထွက်ရန် မဲပေးခဲ့မှုအပြီးတွင် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့သူဖြစ်သည်။
သူသည် ဥရောပသမဂ္ဂတွင် ဗြိတိန်နိုင်ငံ ဆက်လက်တည်ရှိနေရေးကို ထောက်ခံခဲ့သူဖြစ်သည်။ NN-27
ref:BBCWorld