စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

PDF သံသယဖြင့်ဖမ်းဆီးခံထားရသူ တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ (၅)လအကြာ ပြန်လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.6k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၁၈ /၂၀၂၂


PDF သံသယဖြင့် (၅) လကြာ ဖမ်းဆီးခံထားရသည့် တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးသည် ယနေ့တွင် သံတွဲအကျဉ်းထောင်မှ ပြန်လွတ်မြောက်လာပြီဟု တင်းရရှိသည်။

ကိုမင်းကိုဦးကို သက်သေအထောက်မခိုင်လုံသောကြောင့် ယနေ့ဧပြီ ၁၈ ရက် ရုံးချိန်းတွင် အပြီးသတ် အမိန့်ချကာ တရားသေပြန်လွတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း  အမှုကိုလိုက်ပါဆောက်ရွက်ပေးနေသူ တရားလွတ်တော်မှ ရှေ့နေ့ ဒေါာသီင်္ဂီမောင်က နိရဉ္စရာသတင်းဌာကိုပြောသည်။

" သက်သေအထောက်ထားအခိုင်လုံမရှိတဲ့အတွက် အမိန့်ချပြီးတာနဲ့ ပြန်လွတ်ပေးလိုက်တယ်"ဟု ၎င်းက ပြောသည်။

တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မင်းထီးလမ်းတွင်နေထိုင်သော ကိုမင်းကိုဦး (၂၅ နှစ်)သည် PDF အား ငွေထောက်ပံ့သည့် သံသယဖြင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် သူ၏ နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။
၎င်းနောက် သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲခံခဲ့ရကာ ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်တွင် စွဲချက်တင်ခဲ့သည်။

ကိုမင်းကိုဦးအား သံတွဲအကျဥ်းထောင်မှ ယနေ့တွင် ပြန်လွတ်လာသဖြင့် အတိုင်းမသိဝမ်းသာမိသည်ဟု ကိုမင်းကိုဦး၏ ဖခင်ဖြစ်သူ ဦးခင်မောင်စိန်က ပြောသည်။

"အတိုင်းမသိဝမ်းသာတယ်။ ဝမ်းသာလွန်းလို့မျက်ရည်တောင်ကျမိတယ်။ ကိုယ့်သားသမီးကို စပြီးဖမ်းသွားတဲ့နေ့ကတည်းက စိတ်ဆင်းရဲပြီး စိတ်ပူပန်ခဲ့ရတာပါ"ဟု ဖခင်ဖြစ်သူက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကိုမင်းကိုဦးအပါအဝင် PDF နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံထားရသူ ဦးရှိပြီး ၎င်းတို့မှာ သံတွဲ၊ ငပလီ၊ မြောက်ဦးနှင့် တောင်ကုတ်မြို့တို့က ဖြစ်ကြသည်ဟု သိရသည်။
ယင်း ၉ ဦးအနက် PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ သံတွဲမြို့မှ အမျိုးသမီး ၃ ဦးနှင့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် မြို့နယ်တရားရုံးများ၏ ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်ခြင်းကို ခံထားရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ