ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ရခိုင်ကဆရာဝန်အနည်းဆုံး ၈ ဦး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 2.2k

ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဧပြီ၂၀/ ၂၀၂၁
စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးအပါအဝင် ရခိုင်မှ အနည်းဆုံးဆရာဝန် ၈ ဦးကို CDM လှုပ်ရှားမှုတွင်ပါဝင်သဖြင့် နစကကောင်စီမှ ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။
၎င်းတို့မှာ ဒေါက်တာ ယဉ်မိုးခိုင် (အထူးကု)၊ ဒေါက်တာနေလင်းဇော် (လ/ထ ဆရာဝန်)၊ ဒေါက်တာအိအိခိုင်( လ/ထဆရာဝန်)၊ ဒေါက်တာအောင်ကိုကို (လ/ထ)၊ ဒေါက်တာစိုးထက်လင်း(လ/ထ ဆရာဝန်)၊ ဒေါက်တာ လင်းသစ်လွင်( လ/ထ ဆရာဝန်)၊ ဒေါက်တာဝင်းအိခိုင်(လ/ထဆရာဝန်)တို့ ဖြစ်ကြသည်။
အမ်းပြည်သူ့ဆေးရုံမှ ဒေါက်တာ မိုးမြင့်မောင်(လ/ထ ဆရာဝန်)ကိုလည်း ပုဒ်မ ၅၀၅-က အမှုဖွင့်ထားသည်ဟု ဆိုသည်။
၎င်းဆရာဝန်များသည် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်ရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုကို ထောက်ခံ အားပေးကြောင်း၊ CRPH မတရားအသင်းအား ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ရေးသားဖော်ပြထားသည်။

ဆက်စပ် သတင်းများ