သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

သံတွဲမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဓားထိုးခံရ၍ ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 2.7k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇူလိုင် ၃/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်ချုပ်ရေးမှူး ယမန်နေ့ ည ၉ နာရီခန့်က ဓားထိုးခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူ ဆင်ခေါင်းအုပ်ချုပ်ရေးမှူးမှာ ကိုမျိုးဦး(၄၄)နှစ်ဖြစ်သည်။
ယမန်နေ့ ည ၉ နာရီခန့်က အုပ်ချုပ်ရေးမှူး၏ နေအိမ်အတွင်းသို့ လူ ၅ ဦးဝင်လာပြီး သူ့အား ခေါ်ထုတ်သွားပြီးနောက် ခြံရှေ့တွင် ဓားမြောင်ဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ရွှေလှေစခန်းမှူး သက်နောင်စိုးက နိရဥ္စရာသတင်းဌာနအား အတည်ပြုပြောကြားသည်။
“ ဓားဒဏ်ရာနဲ့သေဆုံးနေတာပါ။ သေဆုံးသူရဲ့မိန်းမရဲ့ပြောပြချက်အရ ဓားမြောင်နဲ့ ထိုးတယ်လို့သိရတယ်။ တရားလိုရဲ့ပြောပြချက်အရ လူငါးယောက်က ထိုးတာပါ။ အိမ်မှာ သူ့မိန်းမနဲ့သမီးလေးရှိပါတယ်” ဟုပြောသည်။
ပြစ်မှုကျူးလွန်သူများမှာ ဆင်းခေါင်းကျေးရွာသားများဟုတ်မဟုတ်နှင့် မည်သူတို့ဖြစ်သည်ကို ၄င်းတို့အနေဖြင့် စုံစမ်းဆဲဖြစ်ကြောင်ပြောသည်။
သေဆုံးသူမှာ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ဓားထိုးသွင်းဒဏ်ရာ ၉ ချက်ဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးနေခြင်းဖြစ်ကြောင်း ၊ ၄င်းတို့အနေဖြင့် ပုဒ်မ ၃ဝ၂ လူသတ်မှုဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သူက ဆက်ပြောသည်။
သေဆုံးသူ၏ အလောင်းအား ရွှေလှေတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားကြောင်းသိရသည်။

ဆက်စပ် သတင်းများ